မိန်းကလေးအများစုအတွက် အောက်ခံအတွင်းဘောင်းဘီဝတ်တာက နေ့စဥ်တဓူဝလုပ်လေ့လုပ်ထရှိတဲ့ အလေ့အကျင့်ထဲမှာ ပါဝင်နေပါတယ်။ အမြဲဝတ်နေကြမို့ အကျင့်ဖြစ်နေသူတွေအနေနဲ့ အတွင်းခံမပါဘဲ အပြင်သွားဖို့က တမျိုးကြီးဖြစ်နေတတ်ပါတယ်။ အရာရာတိုင်းမှာ ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေသလိုပဲ အခုအတွင်းခံဘောင်းဘီကိစ္စမှာလည်း ဝတ်ခြင်းမဝတ်ခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးဆိုပြီး ရှိပါတယ်။
ဒီနေ့ဆောင်းပါးလေးမှာတော့ အမျိုးသမီးတို့အနေနဲ့ အတွင်းခံမဝတ်ခြင်းအားဖြင့် ရရှိလာနိုင်မယ့် ကောင်းကျိုးတွေကို ဗဟုသုတအနေနဲ့ မျှဝေပေးသွားမှာပါ။
Acid Reflux ဖြစ်နိုင်ခြေ နည်းပါးခြင်း
အဝတ်အစားကြပ်ကြပ်တွေ၊ ဥပမာ − ချက်ပေါ်ထိရောက်တဲ့ အတွင်းခံတွေဝတ်ခြင်းက ဗိုက်အပေါ်ဖိအားသက်ရောက်စေပြီး ထိုမှတဆင့် Acid Reflux ဖြစ်ပေါ်ကာ ရင်ပူခြင်းဝေဒနာကို ခံစားလာရနိုင်ပါတယ်။ အသက် ၂၀−၃၀ ဝန်းကျင်တွေကြားမှာ Acid Reflux ဖြစ်လေ့ရှိကြပေမယ့်လည်း ကျန်နေသေးတဲ့ ရာခိုင်နှုန်းကိုလျော့ချချင်သူတွေအနေနဲ့ အတွင်းခံမဝတ်ဘဲနေပေးနိုင်ပါတယ်။
ပိုပြီးသက်တောင့်သက်သာရှိစေကာ အနံ့ဆိုးထွက်တာသက်သာစေခြင်း
Source: FabFitFun
ထိုအောက်ပိုင်းထဲမှာ ချွေးထွက်တာမျိုးကို အမျိုးသမီးအများစု ကြုံဖူးကြမှာသေချာပါတယ်။ ဒီလိုထွက်လာတဲ့ချွေးက အတွင်းခံထဲမှာသွားပြီးစုနေမယ်ဆိုရင် အနံ့ဆိုးကို ဖြစ်လာစေနိုင်ပါတယ်။ အတွင်းခံမဝတ်ဘူးဆိုရင်တော့ ဒီချွေးတွေက စုမနေတော့ဘဲ အငွေ့ပျံသွားမှာဖြစ်ပြီး အနံ့ဆိုးထွက်ခြင်းကိုလည်း ကောင်းကောင်းလျော့ချနိုင်မှာဖြစ်ပါတယ်။
ပေါင်ကြားညိုမဲစွဲတာသက်သာစေခြင်း
အရမ်းတင်းကြပ်တဲ့ အတွင်းခံကိုဝတ်ခြင်းက ပေါင်ကြားတစ်ဝိုက် ယားယံခြင်း၊ ပွတ်တိုက်ခြင်းနဲ့ ရောဂါကူးစက်ခြင်းတို့ကိုပါ ဖြစ်စေနိုင်တဲ့အပြင် အဆိုးဆုံးကတော့ နာကျင်ဝေဒနာကို ခံစားရမှာပါပဲ။ အတွင်းခံမဝတ်ဘဲနဲ့ ပေါ့ပေါ့ပါးပါးနဲ့ ပျောလျော့လျော့ရှိတဲ့ အဝတ်အစားတွေကိုပဲ ဝတ်မယ်ဆိုရင် ညိုမဲစွဲတာတွေကိုလည်း သက်သာလာစေမှာဖြစ်ပါတယ်။
ယားယံခြင်းတွေနဲ့ အလက်ဂျစ်တွေ ဖြစ်နိုင်ခြေနည်းပါးခြင်း
အတွင်းခံအပါအဝင် အဝတ်အစားတွေကိုထုတ်လုပ်ရာမှာ ဆိုးဆေး၊ ဓာတုပစ္စည်းများ စတာတွေပါဝင်တာမို့ ဓာတ်မတည့်မှုတွေကို အလွယ်တကူဖြစ်ပေါ်စေနိုင်ပါတယ်။ ထိုမှတဆင့် ယားယံခြင်း၊ ပွန်းပဲ့ခြင်း၊ နီရဲခြင်း၊ အဖုအပိမ့်တွေထခြင်းတွေကို ကြုံတွေ့လာရနိုင်တာမို့ တတ်နိုင်သမျှ အတွင်းခံမဝတ်ဘဲနေနိုင်အောင် ကြိုးစားကြည့်ပါ။
Source: BrightSide
By MyStyle Myanmar