ပိန်ပိန်ရှည်ရှည်နဲ့ ကောင်မလေးတွေအတွက် ဝတ်ရတာပေါ့ပါးမှုရှိပြီး စတိုင်လ်ကျနေစေမယ့် ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။ အားလုံးက ဘောင်းဘီရှည်ဖက်ရှင်တွေပဲ ဖြစ်တာကြောင့် အတိုမဝတ်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။

အခုနောက်ပိုင်းမှာ ကုတ်လေးတွေဝတ်တာက ခေတ်စားနေတာကြောင့် ဒီလိုဖက်ရှင်လေးကို try ကြည့်သင့်ပါတယ်။ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်လေးတွေနဲ့ဆို အရမ်းလိုက်ဖက်ပြီး စတိုင်လ်ကျစေပါတယ်။

ကော်လံ shirt crop top လေးကို ဒီလိုဘောင်းဘီရှည်နဲ့ တွဲဝတ်တာမျိုးဆိုလည်း ပိန်ပိန်ရှည်ရှည်ကောင်မလေးတွေနဲ့ အရမ်းလိုက်ပါတယ်။ ဝတ်ရတာပေါ့ပါးမှုရှိပြီး စတိုင်လ်ကျနေမှာပါ။

ဒီဖက်ရှင်လေးဆိုရင် လုံးဝကိုအထာကျကျနဲ့ စတိုင်လ်ကျပြီး မိမိုက်နေမယ့် ဖက်ရှင်မျိုးပါ။ ပိန်ပိန်ရှည်ရှည်ကောင်မလေးတွေနဲ့ဆို ချပ်ကပ်ပြီး အရမ်းလိုက်ပါတယ်။

ဒီဖက်ရှင်လေးကျတော့ ဂျင်းဘောင်းဘီအပွကို တီရှပ်အပွလေး အပြင်ထုတ်ဝတ်ထားတာ လုံးဝကို freestyle နဲ့ အထာကျနေစေပါတယ်။

ဂျင်းဘောင်းဘီကို ဒီလို crop top tshirt လေးတွေနဲ့ တွဲဝတ်တာလည်း ပေါ့ပါးမှုရှိစေပါတယ်။ ပိန်ပိန်ရှည်ရှည်လေးတွေနဲ့ဆိုလည်း အရမ်းလိုက်ဖက်ပါတယ်။

အပါးသားလက်ရှည်အင်္ကၤျီ body fit လေးတွေကို ဒီလိုဘောင်းဘီတွေနဲ့တွဲဝတ်ရင် အထာကျပြီး အရမ်းမိုက်ပါတယ်။ ပိန်ပိန်ရှည်ရှည်လေးတွေနဲ့ အရမ်းလိုက်ဖက်တဲ့ ဖက်ရှင်လည်း ဖြစ်ပါတယ်။

Tshirt အပွတွေကို ဒီလိုဘောင်းဘီတွေထဲ ထည့်ဝတ်တာလည်း ပိန်ပိန်ရှည်ရှည်လေးတွေနဲ့ဆို အရမ်းလိုက်ပါတယ်။ လုံးဝကို ပေါ့ပါးတဲ့ freestyle ပုံစံလေးနဲ့ အထာကျနေစေပါတယ်။

Tshirt အပွတွေကို ခုနကပုံစံနဲ့မတူပဲ ဒီလိုဖက်ရှင်လေးလည်း ဝတ်လို့ရပါသေးတယ်။ အရပ်ရှည်တဲ့သူတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။

ဒီဖက်ရှင်လေးတွေဆိုရင် မိန်းကလေးနည်းနည်းဆန်ပြီး ချစ်ဖို့ကောင်းသလို စတိုင်လ်လည်းကျစေပါတယ်။ ဝတ်ရတာလည်း ပေါ့ပါးမှုရှိစေပါတယ်။

ဂျင်းဘောင်းဘီအပွလေးတွေကို crop top လေးတွေနဲ့တွဲဝတ်ရင်လည်း ပေါ့ပါးမှုရှိစေပါတယ်။ ပိန်ပိန်ရှည်ရှည် ကောင်မလေးတွေနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။

ပိန်ပိန်ရှည်ရှည်ကောင်မလေးတွေအနေနဲ့ cardigan လေးတွေနဲ့ ဒီလိုဖက်ရှင်မျိုးဝတ်ရင်လည်း အရမ်းလိုက်ဖက်ပြီး ချစ်ဖို့ကောင်းပါတယ်။

Photo source:www.pinterest.com