အမျိုးသမီးတွေက နောက်ကြောမှာ အထူးသဖြင့် လက်မောင်းအနောက်ဘက်တွေမှာ အဆီပိုတွေ ရှိတာများပါတယ်။ ဒီတိုင်းဆိုမသိသာပေမယ့် ဝတဲ့သူတွေနဲ့ အင်္ကျီအကျပ်တွေဝတ်တဲ့အခါမှာ တစ်ထွက်နေတာကြောင့် အရမ်းသိသာစေပါတယ်။ ဒါကြောင့် နောက်ကြောကအဆီပိုတွေကို ကျသွားအောင်လုပ်ပေးမယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
အလေးတုံးကိုသုံးပြီးလုပ်ရမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်နဲ့ အလေးတုံးကိုကိုင်ထားပြီး ခန္ဓာကိုယ်ကို မတ်မတ်ထားပါ။ ပြီးရင် ပခုံးကိုပဲ အပေါ်တွန့်လိုက်၊ အောက်ပြန်ချလိုက်နဲ့ အကြိမ် ၃၀ ပြည့်အောင် လုပ်ပေးရမှာဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းကတော့ လွယ်ပါတယ်။ ယောဂဖျာပေးမှာလှဲပြီး ပုံမှာပြထားတဲ့အတိုင်း ခြေထောက်နဲ့လက်ကို ဆန့်ပြီး အပေါ်မြှောက်ပါ။ ပြီးရင် ပြန်ချပါ။ ပြီးရင် ချက်ခင်းပြန်မြှောက်ပါ။ အဲ့အတိုင်း အကြိမ် ၃၀ လုပ်ပေးရုံပါပဲ။
ဒီလေ့ကျင့်ခန်းမှာတော့ အလေးသုံးပြီး လုပ်ရမှာပါ။ အလေးတုံးအသေး ၂ တုံးကို လက်မှာကိုင်ထားပြီး ဘေးဆန့်ထားပါ။ ပုံမှာပြထားတဲ့အတိုင်း အရှေ့ကို နည်းနည်းကုန်းပါ။ ပြီးရင် အလေးတုံးကို အရှေ့မှာစုပါ။ ပြီးရင် ပြန်ကားပါ။ အဲ့အတိုင်း ဆက်တိုက် အကြိမ် ၃၀ လုပ်ပေးရပါမယ်။
ပုံမှာပြထားတဲ့အတိုင်း ခုံပေါ်ကို ဒူးတစ်ဖက်ထောက်ထားပြီး လက်ထောက်ထားပါ။ ကျန်လက်တစ်ဖက်က အလေးတုံးကို ပုံမှာပြထားသလောက် မထားပါ။ ပြီးရင် လက်ကိုအောက်ဆန့်ချပါ။ ပြီးရင် ပုံမှာပြထားသလောက် ပြန်မတင်ပါ။ အဲ့အတိုင်း အကြိမ် ၂၀ လုပ်ပေးရမှာဖြစ်ပြီး အကြိမ်ရေပြည့်ရင် နောက်တစ်ဖက် ပြောင်းပြီး အကြိမ် ၂၀ ထပ်လုပ်ပေးပါ။
ဒီလေ့ကျင့်ခန်းကို အိမ်မှာလုပ်မယ်ဆိုရင် ကြမ်းပြင်မှာလှဲပြီး ဒူးထောင်ထားပါ။ ပြီးရင် အလေးတုံးကို ပုံမှာပြထားသလိုမလိုက်၊ အရှေ့ကိုပြန်ယူလိုက်နဲ့ လုပ်ပေးပါ။ လုပ်ရမယ့် အကြိမ်အရေအတွက်ကတော့ အကြိမ် ၃၀ ဖြစ်ပါတယ်။
ပုံမှာပြထားတဲ့အတိုင်းနေပြီး စက်ဘီးနင်းသလိုမျိုး ခြေထောက်ကိုကစားပေးရမှာပါ။ လက်ကိုလည်း ပုံမှာပြထားတဲ့အတိုင်းထားပြီး ဘယ်လှည့်၊ ညာလှည့် လုပ်ပေးရမှာဖြစ်ပါတယ်။ ဒါလည်း အကြိမ် ၃၀ လုပ်ရမှာဖြစ်ပါတယ်။