သင်က Single ဖြစ်ရုံနဲ့ တစ်သက်လုံး အထီးကျန်သွားမယ်လို့ မဆိုလိုပါဘူး။ စုံတွဲချစ်သူတွေ ပျော်သလိုပဲ သင်လည်း ပျော်ပျော်နေနိုင်ပါတယ်။ Single သမားတစ်ယောက်အနေနဲ့ မသိလိုက်ဘဲ လုပ်မိနေတဲ့အရာတွေ ရှိပါတယ်။ ဒီအရာတွေက သင့်အတွက် ဘာမှ အသုံးမဝင်တဲ့အပြင် သင့်အချိန်တွေ ဖြုန်းရာရောက်ပါတယ်။ ဒီတော့ Single တွေအနေနဲ့ ဘယ်အရာတွေကို မလုပ်သင့်ဘူးလဲ ကြည့်လိုက်ရအောင်နော်-

၁။ ကိုယ့်ကို သဘောမကျတဲ့ အမျိုးသားကို တမ်းတနေတာ

ယောက်ျားလေးတွေက တစ်ယောက်နဲ့ တစ်ယောက် အကြိုက်မတူကြပါဘူး။ သင်သဘောကျတဲ့ Crush က သင့်ကို ပြန်မကြိုက်ပေမယ့် သင့်ပုံစံလေးကို သဘောကျမိနေတဲ့ ယောက်ျားလေးဆိုတာ ပေါ်လာမှာပါ။ သင်စိတ်ဝင်စားတဲ့ သူက သင့်ကို ပြန်သဘောမကျခြင်းမှာ သင့်အမှားလုံးဝမရှိပါဘူး။

၂။ တစ်ယောက်တည်း အပြင်မထွက်ချင်ခြင်း

ဘယ်သူပါမှ ဘယ်သွားမယ်၊ ဘယ်သူပါမှ ပျော်ဖို့ကောင်းတာ စတဲ့ တခြားသူတွေအပေါ် အမှီပြုတတ်တဲ့ စိတ်ကို ပြင်သင့်ပါတယ်။ သင်က ဒီလိုစိတ်မျိုးရှိရင် Single ဘဝမှာ ပျော်မှာ မဟုတ်ပါဘူး။ ဘယ်အရာပဲဖြစ်ဖြစ် တစ်ယောက်တည်း လုပ်နိုင်ဖို့ လိုအပ်ပါတယ်။

၃။ ကိုယ့်ကိုကိုယ် အပြစ်တင်တာ

သင်ရည်းစားမရှိတာက ရုပ်ဆိုးလို့၊ ငြီးငွေ့ဖို့ ကောင်းလို့ မဟုတ်ပါဘူး။ Right Person နဲ့ မတွေ့သေးလို့ပါ။ ဒီတော့ ငါက ဘာဖြစ်လို့ ရည်းစားမရှိတာ စတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုကိုယ် မဝေဖန်သင့်ပါဘူး။

၄။ တစ်နေ့လုံး အိပ်နေတာ

သင်က ဘယ်သူနဲ့မှ တွေ့စရာမလိုဘူးဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းနဲ့ တစ်နေ့လုံး အိပ်နေတာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်အတွက် အကျိုးရှိတဲ့ အရာတွေကို လိုက်ရှာပြီး ပြုလုပ်နေသင့်ပါတယ်။

၅။ ထိုင်စောင့်နေတာ

တစ်ချိန်ချိန် ကိုယ့်ဆီ ကောင်းတာတွေ လာမှာပဲ ဆိုတဲ့ စိတ်နဲ့ ဘာမှ မလုပ်ဘဲ ထိုင်စောင့်နေတာမျိုး မလုပ်သင့်ပါဘူး။ သင်က ကောင်လေးလိုချင်ရင် ရဖို့ ကြိုးစားမှ ရပါမယ်။ ဒီအတိုင်း ထိုင်နေရင်းတော့ သင်ဘာမှ ရမှာ မဟုတ်ပါဘူး။

၆။ သူငယ်ချင်းတွေကို မနာလိုဖြစ်တာ

အချစ်ရေးပျော်ရွှင်နေတဲ့ သူငယ်ချင်းတွေကို လိုက်ကြည့်ပြီး မနာလိုစိတ် ဝင်စရာမလိုပါဘူး။ ပျော်နေကြတဲ့ စုံတွဲတွေရဲ့ ပုံရိပ်တွေက သင့်ကို စိတ်အနှောင့်အယှက်ပေးနေတယ်ဆိုရင် Social Media သုံးတာကို ခဏတဖြုတ် အနားပေးသင့်ပါတယ်။ သင့်ကိုယ်သင် နှိပ်စက်နေစရာမလိုပါဘူး။

၇။ ကိုယ့်ကိုကိုယ် ပြောင်းလဲတာ

သူပြန်ကြိုက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ်နဲ့ အဆင်မပြေတဲ့အရာကို ပြောင်းလဲစရာမလိုပါဘူး။ သင့်ဘဝမှာ သင်သာလျှင် အရေးအကြီးဆုံးမို့ ဘယ်သူ့အတွက်မှ ပြောင်းလဲဖို့ မလိုပါဘူး။

၈။ အသနားခံတာ

သင်က ရည်းစားမရှိလို့ဆိုပြီး အင်တာနက်ပေါ်မှာ ဝမ်းနည်းကြောင်း ပြစရာမလိုပါဘူး။ သင် Single ဖြစ်ကြောင်းကိုလည်း Social Media ကနေ အတင်းလိုက် ကြေညာနေစရာမလိုပါဘူး။

Source: allwomenstalk

By MyStyle Myanmar