သင်က လိုချင်တဲ့ အရပ်အနေအထားကို မရပေမယ့် ဓာတ်ပုံထဲမှာ အရပ်ရှည်တယ်ထင်ရအောင် ဖန်တီးနိုင်ပါတယ်။ ကိုယ်နေဟန်ထားကို ပြောင်းလဲတာ၊ ကင်မရာ Angle ကို ပြောင်းတာ၊ အဝတ်အစားဖက်ရှင်ကို သတိထားတာ စတဲ့အရာတွေကို ပြုလုပ်ရင် ဓာတ်ပုံထဲ အရပ်ပိုရှည်တယ် ထင်ရစေမှာပါ။ အခုတစ်ခေါက်မှာတော့ သင့်ကို အရပ်ပိုရှည်သွားစေမယ့် ဝတ်ဆင်ပုံ ဝတ်ဆင်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-
၁။ ဘောင်းဘီရှည်ရွေးချယ်တဲ့အခါ
သင်က ဓာတ်ပုံထဲ အရပ်ရှည်တယ်ထင်ရအောင် ဘောင်းဘီရှည်ဝတ်ဆင်နိုင်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ပျိုမေတို့ကြား ရေပန်းစားနေတဲ့ ဘောင်းဘီအပွတွေထက် အလယ်လောက်စုသွားပြီး အောက်ဘက်မှ ပွသွားတဲ့ ခေါင်းလောင်းဘောင်းဘီပုံစံမျိုးကို ရွေးချယ်သင့်ပါတယ်။ ခေါင်းလောင်းဘောင်းဘီအမျိုးအစားက သင့်ကိုယ်အနေအထားကို တစ်ဖြောင့်တည်း ဖြစ်စေပြီး အရပ်ပိုရှည်တယ် ထင်ရစေပါတယ်။
၂။ ခါးတို
သင်က ခါးနေရာကို ဖော်ရဲတယ်ဆိုရင် အပေါ်ဘက် အနည်းငယ်ပိုတိုတဲ့ Crop မျိုးကို ရွေးချယ်သင့်ပါတယ်။ ခါးတိုကိုမှ ဗိုက်ပေါ်တဲ့ Crop တွေက သင့်အပေါ်ပိုင်းကို အလျားပိုရှည်စေပြီး ဓာတ်ပုံထဲ အရပ်ပိုရှည်တယ် ထင်ရစေပါတယ်။
၃။ စကပ်တို
စကပ်အတိုကိုမှ စကပ်ကားကားလေးတွေက သင့်ကို ခါးပိုသေးတယ်ထင်ရစေပါတယ်။ အတိုကို ဒူးအပေါ်နားမဟုတ်ဘဲ သူ့ထက် ပိုတိုတဲ့ စကပ်မျိုး ဖြစ်သင့်ပါတယ်။ စကပ်အတိုက သင့်ကို ချစ်စရာကောင်းစေပြီး အောက်ဘက် ခြေတံကို ပိုရှည်စေပါတယ်။
၄။ ဒေါက်မြင့်
ဒါကတော့ အထူးပြောစရာမလိုတော့ပါဘူး။ ဓာတ်ပုံထဲ အရပ်မြင့်ဖို့အပြင် တကယ့်အပြင်မှာပါ အရပ်ပိုရှည်တယ်ထင်ရအောင် ဒေါက်မြင့်ဖိနပ် စီးသင့်ပါတယ်။ သင်က Sneaker ကြိုက်ရင် ဒေါက်ပါတဲ့ Sneaker မျိုးကို ရွေးချယ်သင့်ပါတယ်။
၅။ အရောင်အနက်ဘက်သွားတာတွေကိုဝတ်ဆင်ပါ
အရောင်အမှိန်ဘက် သွားတဲ့ အဝတ်အစားတွေက သင့်ကို ပိုပိန်တယ်ထင်ရစေပြီး အရပ်ပိုရှည်သွားစေပါတယ်။ ဒါကြောင့်ပဲ အနက်ရောင်ကို သင်ကြိုက်တယ်ဆိုတာလည်း မမှားပါဘူး။
Photo source: Pinterest
By MyStyle Myanmar