လူတစ်ယောက်ရဲ့အိပ်ချိန်က ၈ နာရီဆို လုံလောက်နေပါပြီ။ တချို့ကျတော့ အချိန်အကြာကြီး လွန်ကဲစွာ အိပ်တတ်ကြပါတယ်။ ဒီလို လွန်ကဲစွာအိပ်စက်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ပင်ပန်းသလိုခံစားရခြင်း

လွန်ကဲစွာ အချိန်အကြာကြီး အိပ်စက်ခြင်းကြောင့် အိပ်ရေးအဝလွန်ပြီး လူက နုံးနေပါလိမ့်မယ်။ နိုးလာပြီးရင် တစ်ချိန်လုံး လူက ပင်ပန်းနေသလိုမျိုး၊ ခြေကုန်လက်ပန်းကျနေသလိုမျိုး ခံစားရတတ်ပါတယ်။ ဒါကြောင့် အိပ်ချိန်ပမာဏက ၇ နာရီကနေ ၉ နာရီကြား အကောင်းဆုံးပါပဲ။

ခေါင်းကိုက်ခြင်း

Oversleeping ဖြစ်သွားရင် နိုးလာတဲ့အခါ လုံးဝမလန်းပါဘူး။ ထိုင်းမှိုင်းပြီး ခေါင်းကြီးအုံနေသလိုမျိုး၊ ခေါင်းကိုက်တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ အခန့်မသင့်ရင် ဇာတ်နာတာမျိုးတွေလည်း ဖြစ်တတ်ပါသေးတယ်။

နေရတာအဆင်မပြေခြင်း

လွန်ကဲစွာအိပ်စက်ခြင်းကြောင့် နိုးလာရင် စိတ်က Depression ပဲဝင်နေသလိုလိုနဲ့ ကြောင်တောင်တောင်ဖြစ်ပြီး ထိုင်တွေးနေတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ တချို့ညောင်းကိုက်တတ်တဲ့သူတွေဆိုရင် ညောင်းကိုက်တာက ပိုဆိုးလာစေပါတယ်။ အထူးသဖြင့်တော့ အချိန်အကြာကြီး အိပ်စက်ခြင်းကြောင့် ခါးကိုက်တာ၊ ခါးနာတာတွေလည်း ဖြစ်တတ်ပါတယ်။

စိတ်မကြည်ခြင်း

အချိန်အကြာကြီးတွေအိပ်ပြီး Oversleeping ဖြစ်နေရင် နိုးလာတဲ့အခါ စိတ်က လုံးဝမကြည်ပါဘူး။ စိတ်ဆိုးလွယ်၊ ဒေါသထွက်လွယ်ပါတယ်။ ဘယ်အရာကိုမှလည်း စိတ်မရှည်သလို၊ တစ်ခုခုကို အလိုမကျသလိုမျိုး ဖြစ်တတ်ပါတယ်။ အလွယ်ပြောရရင်တော့ Mood လုံးဝမကောင်းတာမျိုးပေါ့။ စိတ်ခံစားမှုလွယ်ပါတယ်။

အိုမင်းရင့်ရော်ခြင်း

တစ်ခါတစ်လေမဟုတ်ပဲ အမြဲတမ်း အိပ်စက်ချိန်လွန်ကဲပြီး Oversleeping ဖြစ်နေမယ်ဆိုရင်တော့ အချိန်ကြာလာတဲ့အခါမှာ မျက်နှာက အရေးအကြောင်းတွေ၊ အိုမင်းရင့်ရော်ခြင်းက မြန်မြန်ဖြစ်စေပါတယ်။ ဝိတ်လည်းပိုတက်လာစေပါတယ်။

source:www.brightside.me