လူတစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာမှုဖြစ်စေလောက်အောင် ပြောဆိုဆက်ဆံမှုတွေက ကျွန်မတို့ လူသားအများစု ယနေ့ကြုံတွေ့နေရတဲ့ စိတ်ညစ်စရာတွေထဲကတစ်ခုပါပဲ။ ဥပမာပြောရရင် စီးပွားရေးလောကထဲမှာဆို အမျိုးသားတွေက အမျိုးသမီးတွေထက် အားသာချက်တွေပိုရရှိပြီး ခွဲခြားဆက်ဆံခံရတတ်ပါတယ်။ ခေတ်တွေဘယ်လောက်ပဲပြောင်းသွားပြောင်းသွား နေရာတိုင်းမှာ ကျားမ တန်းတူညီမျှမှုမရရှိသေးဘဲ ခွဲခြားဆက်ဆံမှုတွေက လူအများစုရဲ့အရိုးထဲမှာ စွဲနေပါသေးတယ်။

မိတ်ကပ်လူးထားတဲ့ မိန်းကလေးတစ်ယောက်ကို မြင်လိုက်တာနဲ့ လှတယ်နော် လို့မတွေးဘဲ မပြောဘဲ မိတ်ကပ်တွေလူးပြီးရုပ်ဆိုးတာကိုဖုံးထားတယ် တို့၊ မိတ်ကပ်လူးထားလို့လှတာပါ တို့ဆိုတဲ့စကားတွေနဲ့ ကဲ့ရဲ့ရုံမှအားမရဘဲ တခါတလေဆို မကောင်းတဲ့မိန်းမဖြစ်လောက်တယ် ဆိုပြီးတော့တောင် ဆိုးဆိုးရွားရွား အပြောခံရပါတယ်။

မိတ်ကပ်မလူးထားပြန်တော့လည်း လူမမာရုပ်နဲ့ ဘာမှဆွဲဆောင်မှုမရှိလို့ ဘယ်ယောကျာ်းလေးမှ ကြိုက်မှာမဟုတ်ဘူးဆိုပြီး ကဲ့ရဲ့ပြန်ပါသေးတယ်။

မိန်းကလေးတစ်ယောက်က အိမ်ထောင်ကျသွားပြီဆိုရင် အိမ်မှုကိစ္စတွေနဲ့ မိသားစုရဲ့ကိစ္စအဝဝက သူ့အလုပ်ဖြစ်သွားပြီလို့ လူတွေကပြောတတ်ကြပါတယ်။ အဲ့လိုတွေပြောလို့ အပြင်အလုပ်မလုပ်တော့ဘဲ အိမ်မှုကိစ္စနိုင်နိုင်နင်းနင်းလုပ်ပြန်တော့လည်း ပညာတတ်ပြီးဘာမှသုံးစားမရဘဲ လင်ယောကျ်ားလုပ်စာပဲ ထိုင်စားနေတယ်ဆိုပြီး ကဲ့ရဲ့ခံရသလို အပြင်အလုပ်ထွက်လုပ်ပြန်တော့လည်း ကိုယ့်မိသားစုကိုပစ်ထားပြီး ရာထူးဂုဏ်ဒြပ်မက်တဲ့မိန်းမဆိုပြီး ပြောခံရပါတယ်။

အနေအေးတယ်လို့ လူအများစုယူဆတတ်ကြတဲ့ စာဂျပိုးတွေက ဟာသဥာဏ်အင်မတန်ရွှင်တဲ့သူတစ်ယောက်ဖြစ်လာမယ်လို့ ဘယ်သူမှတွေးမိမှာမဟုတ်သလို အပေါင်းအသင်းတွေနဲ့ ဟေးလားဝါးလားလုပ်တတ်တဲ့ ကဲစိန်လေးတွေက အမှတ်ကောင်းတဲ့ တက္ကသိုလ်ကောင်းကောင်းတစ်ခုက ကျောင်းသူဖြစ်နေမယ်လို့လည်း တွေးမိမှာမဟုတ်ပါဘူး။

အလှပြင်ဖို့တောင် အချိန်မရဘဲ အိမ်အလုပ်တွေနဲ့ရှုပ်နေတဲ့ အိမ်ရှင်မတွေကိုကျတော့ “နည်းနည်းပါးပါး ပြင်ပြင်ဆင်ဆင်လေးလည်း နေပါအုံး” ဆိုပြီး လူတွေပြောတတ်ကြသလို ဝန်ထမ်းအိမ်ရှင်မတွေကိုကျတော့ မီးဖိုချောင်ထဲဝင်ဖို့ အချိန်မရှိလို့ အဆင်သင့်ချက်ပြီးသား အစားအစာတွေပဲ မိသားစုကိုကျွေးတယ်ဆိုပြီး တမျိုးပြောင်းအပြောခံရပါတယ်။

လှပတဲ့ခန္ဓာကိုယ်အချိုးအစား၊ ပြင်တတ်ဆင်တတ်၊ ဝတ်တတ်စားတတ်တဲ့ မိန်းကလေးချောချောလေးတွေဆိုရင် ဘယ်လိုနေနေ ဘယ်လိုထိုင်ထိုင် ဘာပဲလုပ်လုပ် ဆွဲဆောင်မှုရှိတယ်လို့ တွေးတတ်မြင်တတ်ကြပြီး လူတွေသတ်မှတ်ထားတဲ့ အလှအပစံနှုန်းနဲ့ မကိုက်ညီတဲ့ မိန်းကလေးတွေကိုကျတော့ လုပ်တာချင်းအတူတူတောင် မကောင်းတဲ့အမြင်တွေနဲ့ သုံးသတ်လေ့ရှိပါတယ်။

ခန္ဓာကိုယ်ကောက်ကြောင်းလှတဲ့ မိန်းကလေးတစ်ယောက် လည်ဟိုက်အကျီဝတ်တဲ့အခါ Sexy ကျတယ်၊ မိတယ်မိုက်တယ်၊ ကိုယ်ကြိုက်တာကို ကိုယ်ရဲရဲဝင့်ဝင့် ဝတ်ရဲတဲ့သတ္တိရှိတဲ့ဆိုပြီး ပြောတတ်ပေမယ့် နို့ဆာနေတဲ့ ကိုယ့်ရင်သွေးကို လူကြားသူကြား ရှောင်ချိန်မရှိဘဲ မိခင်စိတ်နဲ့ နို့ချိုတိုက်ကျွေးမိတာကျတော့ ရှက်စရာလို့မြင်ပြီး လူ့အဖွဲ့အစည်းက လက်မခံကြပါဘူး။

ကိုယ်လိုချင်တာလေးတွေကို ဝယ်မိတာကျတော့ အသုံးအဖြုန်းကြီးတယ်လို့ပြောကြပြီး နောင်ရေးအတွက် စိတ်အေးရအောင် ပိုက်ဆံခြစ်ကုတ်စုသူကိုကျတော့လည်း ကပ်စေးနှဲကော်တရာဆိုပြီး ကဲ့ရဲ့ခံရပြန်ပါတယ်။

Source: BrightSide

By MyStyle Myanmar