တက္ကသိုလ်တက်နေတဲ့အရွယ်မဟုတ်ပဲ ကျောင်းပဲတတ်နေသေးတဲ့ ညီမလေးတွေလည်း မိန်းကလေးသဘာဝလှချင်လာကြပြီလေ။
အခုနောက်ပိုင်းမှာ သနပ်ခါးလိမ်းတာကိုသိပ်ပြီး မတွေ့ရတော့ဘူးဆိုပေမယ့် မိတ်ကပ်တွေအများကြီးကို ငယ်ရွယ်နေတဲ့အချိန်မျိုးမှာ လိမ်းဖို့လည်းမဖြစ်သေးဘူးလေ။
ဒီတော့ မိတ်ကပ်လည်းအများကြီးလိမ်းစရာမလိုပဲ ရှိပြီးသားအလှကိုပဲ နည်းနည်းလေးပံ့ပိုးပေးနိုင်ဖို့အတွက် ရှိထားရမယ့်အလှပြင်ပစ္စည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ပါးနီ
Source: Max Factor
ပါးနီဘာကြောင့်လိုအပ်တယ်ဆိုတာကို ပြောပြရမယ်ဆိုရင်တော့ မျက်နှာကိုသဘာဝတိုင်းလှပနေဖို့အတွက် ပါးနီလိုပါလိမ့်မယ်။ ပြင်ဆင်တဲ့အခါမှာလည်း အရောင်အရမ်းမရင့်သွားစေဖို့ သတိထားပေးရမှာဖြစ်ပြီး ပန်းရောင်လေးသန်းနေတဲ့ ပါးပြင်လေးက ညီမငယ်တို့ရဲ့မျက်နှာအလှကို ပိုပြီးတော့ပေါ်လွင်သွားစေမှာပါ။
Mascara
လှပတဲ့မျက်တောင်လေးတွေ ကော့ညွတ်ပြီး ရှည်ရှည်လေးနဲ့လှနေဖို့အတွက်ဆိုရင် Mascara လေးဆောင်ထားသင့်ပါတယ်။ ငယ်ရွယ်နေတဲ့အချိန်မျိုးမှာ Eyeliner တွေဆွဲတာထက်စာရင် Mascara လေးကို သေသေသပ်သပ်ဆွဲတာက ပိုပြီးကြည့်ကောင်းစေမှာပါ။
နှုတ်ခမ်းနီ
Source: Stylecraze
နှုတ်ခမ်းနီဆိုးပေးမှလည်း နှုတ်ခမ်းသားလေးကို စိုစိုလေးနဲ့လှပနေစေမှာပေါ့။ အရောင်တွေနဲ့နှုတ်ခမ်းနီမျိုးကို မဆိုးချင်ဘူးဆိုရင်လည်း Lip Gloss လေးတွေရှိတော့ အဆင်ပြေတာပေါ့။
Concealer
ရှင်းလင်းပြီးလှပနေတဲ့ ပြင်ဆင်မှုမျိုးကိုလိုချင်တယ်ဆိုရင်တော့ မျက်နှာပေါ်မှာအပြစ်အနာဆာတွေမရှိအောင် ဖုံးထားပေးနိုင်မယ့် Concealer ကိုတော့ပိုင်ဆိုင်ထားသင့်ပါတယ်နော်။
ကျောင်းသွားတဲ့အခါမှာ မိတ်ကပ်တွေအများကြီးလိမ်းသွားရင်လည်း ကဲ့ရဲ့တာတွေခံနိုင်ရတာကြောင့် လူငယ်အရွယ်မှာလူငယ်နဲ့လိုက်ဖက်တဲ့ ပြင်ဆင်မှုမျိုးတွေဆိုရင် ပိုသင့်တော်ပြီး ကိုယ်ပိုင်အလှမျိုးနဲ့ မကွဲထွက်သွားတဲ့ပုံစံမျိုးနဲ့ လှပနေစေမှာပဲဖြစ်ပါတယ်။
Photo Source: Pinterest