Kpop ပရိသတ်တွေအားလုံးပဲမင်္ဂလာပါနော်။ သင်က Kpop ကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ BTS အဖွဲ့ကိုရင်းနှီးပြီးသားဖြစ်မှာပါ။ BTS အဖွဲ့က လက်ရှိ တစ်ကမ္ဘာလုံးမှာ အကျော်ကြားဆုံး အမျိုးသား Idol အဖွဲ့လို့လည်း ပြောလို့ရပါတယ်။ ပါဝင်တဲ့အဖွဲ့ဝင် (၇) ဦးစလုံးက အရေး၊အဆို၊အက စတဲ့အရည်အချင်း မျိုးစုံအပြင် ရုပ်ရည်ပိုင်းမှာပါပြောစရာမရှိအောင်ကြည့်ကောင်းကြသူတွေဆိုရင်လည်းမမှားပါဘူး။ “V” အနေနဲ့လူသိများတဲ့အဖွဲ့ဝင် “Kim Taehyung” ဟာဆိုရင် သူရဲ့လည်ပြန်ကြည့်ရလောက်အောင် ခန့်ညားတဲ့ရုပ်ရည်ကြောင့် Kpop ပရိသတ်မဟုတ်တဲ့သူတွေရဲ့ သတိထားမိခြင်းကိုပါ မကြာခဏခံရသူဖြစ်ပါတယ်။
ဒါကြောင့် ဒီတစ်ခေါက်မှာ A.R.M.Y တွေနဲ့ Kpop ပရိသတ်တွေအတွက် Taeyoung ရဲ့ နိုင်ငံတကာပရိသတ်တွေကို သတိထားမိစေခဲ့တဲ့ Red Carpet ဆုပေးပွဲတက်အမိုက်စားပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Billboard Music Awards (2017)


BTS အဖွဲ့ဟာ ၂၀၁၇ ခုနှစ်ရဲ့ Billboard သီချင်းဆုပေးပွဲကိုတက်ရောက်ခဲ့ကြပြီး အဖွဲ့ဝင် “V” ရဲ့ခန့်ညားတဲ့ ရုပ်ရည်နဲ့ ဝတ်စားပုံကြောင့် လူအများရဲ့ စိတ်ဝင်စားမှုကိုခံခဲ့ရပါတယ်။ မျက်နှာပေါ် လက်နှချောင်းထောင်ပြီး ချစ်စရာကောင်းအောင် Pose ပေးတတ်တဲ့ကောင်လေးအနေနဲ့ နိုင်ငံတကာကလူအများကြား ရေပန်းစားခဲ့တဲ့အချိန်လည်းဖြစ်ပါတယ်။

၂။ AMAs Red Carpet (2017)


၂၀၁၇ ခုနှစ်ထဲမှာပဲ အဖွဲ့ဝင်တွေဟာ ပထမဆုံးအနေနဲ့ American Music Awards ပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ပွဲရဲ့ Red Carpet အတွက် “V” က ခဲရောင်လွင်လွင်ဆံပင်ကေနဲ့သီးသန့်ချုပ်ထားတဲ့ Saint Laurent Suit တို့ကိုကျက်သရေရှိရှိဝတ်ဆင်ခဲ့ပြီး ပရိသတ်တိုင်းရဲ့အချစ်တွေကိုအရယူခဲ့ပြန်ပါတယ်။

၃။ MAMA (2018)


MAMA ဆုပေးပွဲတက်ရောက်ခဲ့တဲ့အချိန်ကဝတ်ဆင်ခဲ့တဲ့ ပန်းရောင်ဆံပင်ကေ၊ အရောင်စပ် Floral အင်္ကျီ၊ ပန်းရောင်အဖျော့ Suit တို့တွေကိုကြည့်လိုက်တာနဲ့ “V” ရဲ့ ပြစ်မျိုးမှဲ့မထင်အောင် နူးညံ့ပြီးချောမောတဲ့ပုံစံကို တွေ့နိုင်မှာဖြစ်ပါတယ်။

၄။ The Fact Music Awards (2019)


ဒီပွဲမှာတော့ ရိုးရိုးရှင်းရှင်း ခဲရောင် ပွဲတက်အင်္ကျီနဲ့လည်း ခေတ်ဆန်ပြီးကြည့်ကောင်းနေတဲ့ Taehyung ရဲ့ပုံစံကိုတွေ့နိုင်ပါတယ်။

၅။ Grammy (2020)


BTS အဖွဲ့အကြောင်းမသိကြတဲ့ နိုင်ငံတကာက Grammy ပွဲကြည့်ရှုသူတွေကိုပါ စိတ်ဝင်စားစေခဲ့တဲ့ “V” ရဲ့ ၂၀၂၀ ခုနှစ် Grammy ပွဲတက်ဝတ်ဆင်ပုံဖြစ်ပါတယ်။ ဆံပင်အကောက်၊ အမဲရောင် Sweatshirt အင်္ကျီ၊ အမဲရောင်ဂျက်ကပ်အင်္ကျီအရှည်၊ ဘောင်းဘီရှည်တွေက သူနဲ့ တကယ်ကိုလိုက်ဖက်ပြီး ခန့်ညားနေတာကိုတွေ့ရမှာပါ။

၆။ BE Press Conference (2020)


ဒီ Look လေးကတော့ ၂၀၂၀ ခုနှစ်က အဖွဲ့ရဲ့ Album ဖြစ်တဲ့ “BE” သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ ဝတ်ဆင်ပုံပဲဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝတဲ့ CEO တစ်ဦးလမ်းလျှောက်လာသလို ခံစားမှုမျိုးပေးနိုင်တဲ့ ပုံစံဆိုရင်လည်းမမှားပါဘူးနော်။

၇။ The Fact Music Awards (2021)


အခုနှစ် FMA ပွဲမှာတွေ့ရတဲ့ “V” ရဲ့ ထူးခြားတဲ့ Outfit ပုံစံကလည်းပရိသတ်တွေရဲ့ရင်ကို လှုပ်ခတ်သွားပြန်ပါသေးတယ်။ ဒီပွဲမှာဆိုရင် ဆံပင်နောက်ပြန်သိမ်းပြီး All Black ပွဲတက်ဝတ်စုံနဲ့ေ ခန့်ညားချောမောနေပုံကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

Photo Source: Pinterest