ဆံပင်အရှည်လေးနဲ့ မိန်းကလေးတွေအတွက် ဆောင်းရာသီနဲ့လိုက်ဖက်ပြီး ချစ်ဖို့လည်းကောင်းတဲ့ ဆံပင်စတိုင်လ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဆံပင်ကို အမျိုးမျိုးပြင်ဆင်ရတာ ကြိုက်တဲ့သူတွေအတွက်တော့ အသုံးဝင်စေမှာပါ။

ဒီလိုဦးထုပ်လေးတွေဆောင်းတာက ဆောင်းရာသီမှာမှ စတိုင်လ်ထုတ်ပြီး ဆောင်းလို့အဆင်ပြေတာပါ။ ဒါကြောင့် ဒီဦးထုပ်လေးတွေကို ဆောင်းမယ်ဆိုရင်လည်း ဆံပင်အဖြောင့်ထက် အကောက်လေးတွေ၊ ဆံပင်လိပ်ထားတာလေးတွေနဲ့ဆို ပိုလိုက်ပါတယ်။

ဆောင်းရာသီမှာ ဆွယ်တာလေးတွေ၊ အင်္ကျီလှလှလေးတွေဝတ်ပြီး ဆံပင်လေးတစ်ဝက်ယူကာ ကလစ်လေးတွေနဲ့ ပြင်ကြည့်ပါ။ မိန်းကလေးဆန်ဆန်လေးနဲ့ အရမ်းလှပါတယ်။

ဆံပင်ကို ကျစ်ဆံမြီးတစ်ဝက်ကျစ်ရင်လည်း ကပိုကယိုလေးနဲ့ လှပါတယ်။ ဆောင်းရာသီနဲ့လည်း အရမ်းလိုက်ဖက်တဲ့ ဆံပင်စတိုင်လ်မျိုး ဖြစ်ပါတယ်။

ဆံပင်ကို အခုခေတ်စားနေတဲ့ ညှပ်ကလစ်လေးတွေ၊ ဖဲပြားကလစ်လေးတွေနဲ့ တစ်ဝက်ချည်မယ်ဆိုလည်း အရမ်းလှပါတယ်။ မိန်းကလေးဆန်ပြီးလှသလို ဆောင်းရာသီနဲ့လည်း လိုက်ဖက်ပါတယ်။ ဂါဝန်လေးတွေ၊ စကပ်လေးတွေနဲ့ဆို ပိုလိုက်ဖက်မှာပါ။

ကျစ်ဆံမြီးလေးကို ဒီလိုကပိုကယိုကျစ်ထားတာလည်း ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ် ဖြစ်ပါတယ်။ ဒီဆံပင်စတိုင်လ်လေးက ဆွယ်တာတွေ၊ အနွေးထည်တွေ၊ ဆောင်းရာသီဖက်ရှင်တွေနဲ့ဆို အရမ်းလိုက်ဖက်ပါတယ်။

ဆံပင်ကိုနောက်မှာ လျှောလျှောလေးစည်းပြီး ဖဲပြားလေးတပ်လိုက်တာကလည်း ကပိုကယိုလေးနဲ့ လှပါတယ်။ ဆောင်းရာသီမှာ ဆွယ်တာလေးတွေ၊ Body fit လက်ရှည်လေးတွေ ဝတ်မယ်ဆိုရင် ဆံပင်ကို ဒီလိုလေးပြင်ကြည့်ပါ။

ကျစ်ဆံမြီးနှစ်ဖက်ကျစ်ပြီး အရှေ့ဆံပင်ချတာမျိုးလေးတွေကလည်း ဆောင်းရာသီနဲ့လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်ပါပဲ။ ဒါပေမယ့် ကျစ်ဆံမြီးကို တင်းကျပ်နေအောင်မကျစ်ပဲ လျော့လျော့လေးပဲ ကျစ်ထားပါ။

ဆံပင်နှစ်ဖက်ကို ဒီလိုမျိုးလေးစည်းထားတာက အရမ်းချစ်ဖို့ကောင်းပါတယ်။ ဆောင်းရာသီမှာ Hoodie လေးတွေ၊ ဆွယ်တာလေးတွေဝတ်မယ်ဆိုရင် ဒီဆံပင်စတိုင်လ်လေးကို ပြင်ကြည့်ပါ။

အခုနောက်ပိုင်းမှာ အရမ်းခေတ်စားနေတဲ့ ဒီလိုဘီးကုတ်အကြီးကိုတပ်တာလည်း ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်လေးပါပဲ။

Photo source:www.pinterest.com