ဓာတ်ပုံရိုက်ရတာဝါသနာပါပေမယ့် ပို့စ်သိပ်မပေးတတ်တဲ့ မိန်းကလေးတွေအတွက် အသက် ၁၅ နှစ်ပဲရှိသေးတဲ့ TikTok Cele လေး Laura Moane ရဲ့ ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတွေနဲ့ ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက်တော့ အရမ်းကိုအသုံးဝင်စေမှာပါ။

ဆိုင်တွေမှာထိုင်ပြီးရိုက်တဲ့အခါ လက်တင်စရာနေရာရှိရင် ဒီလိုလေးလက်တင်ပြီး ပို့စ်ပေးကြည့်ပါ။ အချေပုံလေးနဲ့ အရမ်းမိုက်ပါတယ်။

ခုံအမြင့်လေးတွေမှာ ထိုင်ပြီးရိုက်မယ်ဆိုရင်တော့ ဒီလိုလေးထိုင်ပြီး လက်ဖဝါးနှစ်ဖက်ကို ပေါင်ပေါ်တင်ထားပါ။ မျက်နှာလေးက ပြုံးပြီး တစ်ဖက်ကိုကြည့်နေရင် ပိုလှပါတယ်။ ချစ်ဖို့လည်းကောင်းတဲ့ ပို့စ်လေးဖြစ်ပါတယ်။

ဝရံတာလိုနေရာလေးတွေမှာ တစ်ကိုယ်လုံးပုံရိုက်မယ်ဆိုရင် ဘေးတစ်စောင်းအနေအထားနဲ့နေပြီး ခြေထောက်လေးတစ်ဖက်ကို Laura လိုလုပ်ပြီး ပို့စ်ပေးကြည့်ပါ။ အရမ်းလှပါတယ်။

လှေကားမှာရိုက်မယ်ဆိုရင်တော့ ဆင်းနေတဲ့ပုံလေးကို ဘေးဘက်ကနေရိုက်ပါ။ လက်လေးတစ်ဖက်က ခေါင်းကိုကိုင်ထားတာပဲဖြစ်ဖြစ်၊ ဆံပင်ကိုသပ်တာပဲဖြစ်ဖြစ် လုပ်ပြီးပို့စ်ပေးကြည့်ပါ။

ခါးထောက်တဲ့ပို့စ်လေးတွေကလည်း ချစ်ဖို့ကောင်းတာကြောင့် ဘယ်လိုပို့စ်ပေးရမှန်းမသိရင် ခါးထောက်နေလိုက်ပါ။

စကပ်လေးတွေ၊ ဂါဝန်တိုလေးတွေ ဝတ်ပြီးရိုက်မယ်ဆိုရင် လက်လေးနှစ်ဖက်ကို ဒီလိုလေးထားပြီး ပြုံးနေတဲ့ပုံလေး ပို့စ်ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီလိုဘေးတစ်စောင်းနေပြီး ခါးထောက်ပြီး အဝေးကိုကြည့်နေတဲ့ပုံလေးလည်း ရိုက်ကြည့်ပါ။ အချေပုံလေးနဲ့ မိုက်ပါတယ်။

ဒီပို့စ်လေးဆိုရင် Instagram မှာ ခေတ်စားနေတဲ့ပို့စ်မျိုးပါ။ ကောင်းကင်ပါအောင်ရိုက်ရင် ပိုမိုက်ပါတယ်။

ဘာပို့စ်မှမလုပ်ချင်တဲ့အခါမှာဆို မုန့်ကိုဒီတိုင်းကြည့်နေတဲ့ပုံလေးသာ ပို့စ်ပေးရိုက်ကြည့်ပါ။

ထွေထွေထူးထူးပို့စ်မပေးတတ်ရင် ဒီလိုဘေးတစ်စောင်းအနေအထားနဲ့ ဆံပင်တစ်ဖက်သပ်နေတဲ့ ပို့စ်မျိုးလုပ်လည်း လှပါတယ်။

ကိုယ်တစ်ပိုင်းပဲရိုက်မယ်ဆိုရင် လက်နှစ်ဖက်က ဆံပင်ကိုသပ်နေတဲ့ပို့စ်မျိုး၊ လက်နှစ်ဖက်က ဆံပင်ကိုဖွနေတဲ့ပို့စ်မျိုး လုပ်ကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး လှပါတယ်။

photo source:www.pinterest.com