ဦးရေပြားအဆီပြန်ခြင်းက အဆီဂလင်းတွေရဲ့ တုံ့ပြန်မှုလွန်ကဲမှုကြောင့် ဖြစ်လာတဲ့ ပြဿနာဖြစ်ပါတယ်။ ဦးရေပြားမှာ အဆီများတဲ့အခါ ဖုန်တွေပိုကပ်ပြီး ဗောက်ထဖို့ ပိုလွယ်ပါတယ်။ ဆံပင်စီးကပ်ကပ်ကြီးနဲ့ ခေါင်းအနံ့ထွက်ဖို့လည်း အခွင့်အရေး ပိုများပါတယ်။ သင်က ဦးရေပြား အဆီပြန်လို့ ဗောက်ထပြီး စိတ်ညစ်နေရတယ်ဆိုရင် အောက်ဖော်ပြပါ သဘာဝနည်းလမ်းတွေနဲ့ ဆံသားကို ပြန်လည်ထိန်းသိမ်းနိုင်ပါတယ်။ ဒီနည်းလမ်းတွေက ဦးရေပြားအဆီပြန်တာကို ထိန်းချုပ်ပေးမှာဖြစ်တာကြောင့် သင်နဲ့ အဆင်ပြေတဲ့ ထိန်းသိမ်းနည်းတစ်မျိုးကို ရွေးချယ်ပြီး ပြုလုပ်နိုင်ပါတယ်။

၁။ ဒိန်ချဉ်နဲ့ ပေါင်းတင်နည်း

Photo Source: Organic Authority

ဒိန်ချဉ်မှာ ပါဝင်တဲ့ Lactic Acid က ဦးရေပြားကို သန့်ရှင်းစေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။

ဒိန်ချဉ်ကို ခွက်တစ်ဝက်ထည့်ပေးရပါမယ်။ ပြီးနောက် ရှားစောင်းလတ်ပတ်ဂျယ် တစ်ဇွန်းနဲ့ ပန်းသီးရှာလကာရည် တစ်ဇွန်းကို ထည့်ပေးရပါမယ်။ ဒီသုံးမျိုးကို ခွက်တစ်ခွက်ထဲ ရောပြီးနောက် ဦးရေပြားပေါ် ပွတ်လိမ်းပေးရပါမယ်။ ၂၅ မိနစ် ထားပြီးနောက် ရှန်ပူအပျော့နဲ့ ခေါင်းလျှော်ပေးရပါမယ်။

၂။ ကြက်ဥနဲ့ ပေါင်းတင်နည်း

ကြက်ဥက ဆံသားအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်ဥ၊ ပျားရည်နဲ့ သံပယိုရည်တို့ ဖြစ်ပါတယ်။ ကြက်ဥတစ်လုံး၊ သံပယိုရည် နှစ်ဇွန်းနဲ့ ပျားရည်တစ်ဇွန်းကို ရောပေးရပါမယ်။ ဒီရောမွှေထားတဲ့ အရည်ကို ဦးရေပြားပေါ် လိမ်းပေးရပါမယ်။ လိမ်းပြီးနောက် ၁၅ မိနစ် ထားပေးရပါမယ်။ ပြီးရင်တော့ ခေါင်းလျှော်နိုင်ပါပြီ။

၃။ ကြက်ဥအကာနဲ့ သံပယိုရည်

ဒီနည်းလမ်းမှာတော့ အပေါ် နည်းလမ်းနဲ့ မတူဘဲ ပစ္စည်း နှစ်မျိုးပဲ လိုတာမို့ သင့်အတွက် ပိုလွယ်ကူမှာပါ။ သံပယိုရည်က
ဆံသားအဆီဓာတ်ကို ထိန်းညှိပေးပြီး ဦးရေပြားကို လန်းဆန်းစေပါတယ်။ ပြုလုပ်ပုံကတော့- ပါဝင်ပစ္စည်းနှစ်မျိုးကို ရောပြီးနောက် ဦးရေပြားပေါ် တင်ပေးရပါမယ်။ ၁၀ မိနစ် ထားပြီးနောက်မှာတော့ ရေအေးအေးနဲ့ ဆေးချပေးရပါမယ်။ ပြီးရင်တော့ ရှန်ပူနဲ့ ပျော့ဆေး သုံးပြီး ပုံမှန်အတိုင်း ခေါင်းလျှော်နိုင်ပါတယ်။

၄။ Tea Tree Oil

ဒီနည်းလမ်းကတော့ အလွယ်ဆုံးပါပဲ။ Tea Tree Oil တစ်မျိုးပဲ လိုအပ်ပါတယ်။ Tea Tree Oil က ပိုးမွှားသေစေတဲ့ ဂုဏ်သတ္တိရှိပြီး ဗောက်ထတာကို သက်သာစေပါတယ်။ Tea Tree Oil အနည်းငယ်ကို သင်လျှော်မယ့် ခေါင်းလျှော်ရည်ထဲ ထည့်ပေးကာ ခေါင်းလျှော်ချရပါမယ်။

၅။ ပန်းသီးရှာလကာရည်

Photo Source: Amazon.in

ပန်းသီးရှာလကာရည်က ဦးရေပြားအဆီပြန်တာအတွက် အသင့်တော်ဆုံး ပစ္စည်းဖြစ်ပါတယ်။ ပန်းသီးရှာလကာရည်ကို ဦးရေပြားပေါ် လောင်းချကာ ၅ မိနစ် ထားပေးရပါမယ်။ ပြီးနောက် ရေဆေးချရပါမယ်။ ပန်းသီးရှာလကာရည်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အဆီပြန်မှုကို ထိန်းညှိပေးနိုင်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar