အသားခြောက်တဲ့ Dry skin တွေက ဆောင်းတွင်းရောက်ပြီဆိုရင် ပုံမှန်ထက် အသားပိုခြောက်ပြီး ပိုဆိုးလာတာကြောင့် သူများထက်ပိုပြီး အသားအရေကို ဂရုစိုက်ပေးဖို့ လိုပါတယ်။ အသားအရမ်းခြောက်ရင် အသားအရေကတင်းပြီး အဖြူအဖတ်တွေလန်တာမျိုး၊ အသားပတ်တာမျိုးတွေက Body တင်မဟုတ်ပဲ မျက်နှာမှာပါ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အသားခြောက်တဲ့ Dry skin တွေအတွက် ဆောင်းရာသီမှာလိမ်းသင့်တဲ့ Skincare တွေကို ပြောပြပေးလိုက်ပါတယ်။

Facial Cleanser

အသားခြောက်တဲ့သူတွေအနေနဲ့ မျက်နှာသစ်ဆေးကို အရမ်းပြင်းတာတွေ မသုံးသင့်ပါဘူး။ အရမ်းပြင်းတာတွေသုံးရင် မျက်နှာအသားအရေက ပိုခြောက်ပါတယ်။ မျက်နှာကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သစ်ပေးရပါမယ်။

Hydrating Toner

အသားခြောက်တဲ့သူတွေက Hydrating ကောင်းကောင်းပေးနိုင်တဲ့ Skincare တွေကို ရွေးသုံးပေးရပါတယ်။ ဒါကြောင့် Toner သုံးတဲ့အခါမှာလည်း Hydrating toner မျိုးကို ရွေးသုံးပေးပါ။

Serum

ပုံမှန်အချိန်မှာတော့ Serum မလိမ်းလည်းရပေမယ့် ဆောင်းတွင်းမှာတော့ အသားခြောက်တဲ့သူတွေက Serum လိမ်းပေးသင့်ပါတယ်။ ဒါမှ အသားမခြောက်ပဲ ရေဓာတ်ပြည့်ပြီး အသားကကြည်ပြီး Glow နေမှာပါ။

Moisturizer Cream Type

အသားခြောက်တဲ့သူတွေအနေနဲ့ ဆောင်းတွင်းမှာ ပိုပြီးအသားခြောက်မှာဖြစ်လို့ Moisturizer သုံးတဲ့အခါမှာ Cream type ကို ရွေးသုံးပေးပါ။ Gel type တွေ, Lotion type တွေက အသားခြောက်တဲ့သူတွေအတွက် အဆင်မပြေပါဘူး။

Eyecream

မျက်လုံးနားတစ်ဝိုက်မှာ အသားခြောက်နေရင် မျက်ကွင်းညိုတာနဲ့ အရေးအကြောင်းတွေက ပိုပေါ်လာပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှမဟုတ်ပါဘူး အမြဲတမ်း Eyecream လိမ်းပေးဖို့ လိုပါတယ်။

Sunscreen

Sunscreen ကတော့ ရာသီတိုင်းမှာ လိမ်းဖို့လိုပါတယ်။ အသားခြောက်တဲ့သူဆိုတော့ Matte type မျိုးကိုရှောင်သုံးပါ။

Facial Spray

ဆောင်းတွင်းမှာ အသားခြောက်တဲ့အတွက် Dry skin တွေအနေနဲ့ အားတိုင်း Facial spray သာ ဖြန်းနေပါ။ ရေဓာတ်ပြည့်စေပါတယ်။ မျက်နှာအသားခြောက်တာ သက်သာစေပါတယ်။