မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ စတိုင်လ်ကျပြီး အမြဲလှပနေစေဖို့ဆိုရင် အဝတ်အစားဖက်ရှင်အပိုင်းကလည်း မပါမဖြစ်ပါပဲ့။ ဒီတစ်ခေါက်မှာတော့ အမြဲအထာကျကျ လှပချင်တဲ့ပျိုမေတိုင်းမှာ ပိုင်ဆိုင်ထားသင့်တဲ့ ဘောင်းဘီပုံစံတွေကို ဖော်ပြပေးချင်ပါတယ်။
အလုပ်သွားတာကနေစပြီး အပြင်လျှောက်လည်တဲ့အထိ စကပ်မဝတ်ချင်ပဲ့ လုံလုံခြုံခြုံနဲ့ ပေါ့ပေါ့ပါးပါးဝတ်ချင်တဲ့ပျိုမေတို့အတွက် ဘောင်းဘီပုံစံအမျိုးမျိုးရှိထားတာက အကောင်းဆုံးပါပဲ့။ တကယ်လို့ ဘောင်းဘီပုံစံအားလုံး မဝယ်နိုင်ရင်တောင် ဖြည်းဖြည်းချင်းစုလို့ရတာပဲလေ။ အခုပြောပြထားတဲ့ဘောင်းဘီပုံစံ ၁၀မျိုးထဲမှာ ကိုယ်မကြိုက်တာပါလာရင်လည်း အတင်းဝယ်စရာမလိုဘူးနော်။ ကိုယ်နဲ့လိုက်ဖက်ပြီး ကိုယ်တကယ်သဘောကျတဲ့ဘောင်းဘီပုံစံတွေကိုပဲ ဝယ်နိုင်ပါတယ်။
ဘောင်းဘီဝယ်လိုက်တဲ့အချိန်တိုင်း ဒီတစ်မျိုးတည်းပဲ ထပ်မဝယ်မိအောင် ခုရေးထားတွေကို မှတ်ထားလိုက်တော့နော်။ ဖက်ရှင်ချစ်သူမိန်းကလေးတိုင်းမှာ ရှိထားသင့်တဲ့ ဘောင်းဘီပုံစံ ၁၀ မျိုးကတော့…
၁။ ဘောင်းဘီအပွ
၂။ Vintage Style ဘောင်းဘီ
၃။ အစိမ်းပုတ်ရောင်ဘောင်းဘီအပွ
၄။ အသားကပ်ဘောင်းဘီ
၅။ ကာလာစုံဘောင်းဘီ (ပန်းရောင်၊ အနီရောင်)
၆။ Leather ဘောင်းဘီ
၇။ အပြာရင့်ရောင်ဂျင်း
၈။ ပါတီသွားတဲ့ အရောင်တောက်တောက်ဘောင်းဘီ
၉။ Style Pants
၁၀။ အစင်းကြောင်းပါတဲ့ဘောင်းဘီအပွ
Photo Source: Pinterest