K-Drama ကြိုက်သူတိုင်းကြည့်သင့်တဲ့ November လထဲမှာပြသနေသော K-Drama (၈) ခုကို ဖော်ပြပေးလိုက်ပါတယ်။ ဒီ Drama တွေရဲ့ ဇာတ်လမ်းအကျဉ်းလေးတွေကိုပါ ပြောပြပေးထားတာဖြစ်လို့ ကိုယ်နှစ်သက်ရာကို ရွေးချယ်ကြည့်နိုင်ပါတယ်။

Chimera

Squid Game ထဲကမင်းသား Park Hae-soo ပါဝင်ထားတဲ့ Drama ဖြစ်ပါတယ်။ ကွင်းဆက်လူသတ်မှုနဲ့ မှုခင်းအရှုပ်တော်ပုံတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Drama ကောင်းတစ်ခုဖြစ်ပါတယ်။

Dr. Brain

နာမည်ကြီး Webtoon ကိုပြန်ရိုက်ထားတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်း၊ လျှို့ဝှက်ဆန်းကြယ်တဲ့ ဇာတ်လမ်း Drama မျိုး ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းပါတယ်။

Hellbound

လူတွေက သူတို့သေဆုံးတော့မယ်ဆိုရင် ကြိုတင်နိမိတ်ပြတဲ့အနေနဲ့ “မင်းမကြာခင်သေဆုံးတော့မယ်” ဆိုတဲ့စကားကို ကြားရလေ့ရှိပါတယ်။ အဲ့လိုကြားရပြီ သေဆုံးမယ့်အချိန်ရောက်ရင် ငရဲသားက သူတို့ရှေ့ပေါ်လာပြီး သူတို့ကိုသတ်ပစ်တာမျိုးပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ Drama တစ်ခုမို့ ကြည့်သင့်ပါတယ်။

Melancholia

သင်္ချာကိုချစ်မြတ်နိုးတဲ့ဆရာမနဲ့ ကျောင်းသားလေးတို့ရဲ့ Romantic ဆန်ဆန် အချစ်ဇာတ်လမ်းမျိုးပါ။ သင်္ချာဝါသနာပါသူတွေ ကြည့်သင့်တဲ့ Drama ဖြစ်သလို၊ Lee Do-Hyun ကိုကြိုက်တဲ့သူတွေလည်း ကြည့်သင့်တဲ့ Drama လေးပါ။

Happiness

လူသွေးကိုကြိုက်တဲ့ အမည်မသိကူးစက်ရောဂါတစ်ခု ပျံ့နှံ့လာပြီး အထိတ်တလန့်နဲ့ဖြစ်ကြတာတွေ၊ လူတန်းစားပေါင်းစုံက ပြဿနာတွေ၊ ဒီရောဂါကို ဘယ်လိုထိန်းချုပ်ကြမလဲဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။

The Red Sleeve

အချစ်ရေးထက် တိုင်းပြည်ရေးကို ဦးစားပေးတဲ့ ဘုရင်နဲ့ သူမရွေးချယ်ထားတဲ့ဘဝကို ကာကွယ်စောင့်ရှောက်ဖို့ ဆုံးဖြတ်ထားတဲ့ နန်းတွင်းသူတို့ကြားက ရင်နာဖွယ်အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Now, We’re Breaking Up

ချစ်ပြီးမှလမ်းခွဲဖို့အကြောင်းဖန်လာတဲ့ ဓာတ်ပုံဆရာ Jang Ki‑yong နဲ့ ဒီဇိုင်နာ Song Hye‑kyo တို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး ဒီ Drama ထဲမှာတော့ ချစ်ခြင်းနဲ့ပတ်သက်တဲ့ ရသမျိုးစုံကိုကြည့်ရှုရမှာ ဖြစ်ပါတယ်။ Exo ထဲက အငယ်ဆုံးလည်း Sehun လည်းပါသေးတယ်နော်။

One Ordinary Day

Kim Soo‑hyun ကိုကြိုက်တဲ့သူတိုင်း ကြည့်သင့်တဲ့ Drama ပါ။ တက္ကသိုလ်ကျောင်းသား Kim Soo‑hyun က လူငယ်သဘာဝ ပေါ့ပေါ့ပါးပါးနေပြီး အပျော်အပါးခံစားရင်းနဲ့ သူကိုယ်တိုင်တောင် မမှတ်မိလိုက်တဲ့ ညတစ်ညရဲ့အဖြစ်အပျက်ကြောင့် လူသတ်တရားခံအဖြစ် သံသယရှိပြီး အဖမ်းခံလိုက်ရပါတယ်။ အဲ့ဒီညက ဘာတွေဖြစ်ခဲ့လဲ၊ ချောက်တွန်းခံရတာလား၊ တကယ်ပဲ သူသတ်လိုက်တာလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Drama ကောင်းဖြစ်ပါတယ်။