ရာသီဥတုပူနေတဲ့အခါ ဆံပင်အချိန်တိုင်း ချထားဖို့က လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဆံပင်ချထားတာက သင့်ကို နဂိုကထက် လှစေပေမယ့် အလုပ်လုပ်ရတဲ့ ပျိုမေတို့အနေနဲ့ ဆံပင်ချပြီး အလုပ်လုပ်တဲ့အခါ ခဏလေးနဲ့ ပူအိုက်လာတတ်ပါတယ်။ နေပူတဲ့ရက်တွေမှာ လှုပ်လှုပ်ရှားရှားနေလိုက်တဲ့အခါ သင့်အတွက် ဆံပင်ချတာက ဦးရေပြားကို ပိုအိုက်စေပြီး ဆံပင်အဆီပြန်စေပါတယ်။ ဒီတော့ ဆံပင်ချမထားချင်တဲ့ ပျိုမေတို့အနေနဲ့ စည်းထားနိုင်မယ့် ပေါ့ပေါ့ပါးပါး ဆံပင်ပုံစံတွေကို ကြည့်လိုက်ရအောင်နော်-
၁။ နောက်ဘက်ဆံပင်ထုံးတာ
ရှေ့ဘက် ဆံပင်အနည်းငယ်ချကာ နောက်ဘက် ဆံထုံးအနိမ့်လေးက သင့်ကို ကပိုကယိုပုံစံလေးနဲ့ ချစ်ဖို့ကောင်းစေပါတယ်။
ဒီဆံထုံးကိုပဲ အပေါ်က ကလစ်နဲ့ အလှဆင်နိုင်ပါသေးတယ်။
၂။ Claw Clips နဲ့ ထုံးတာ
ဆံပင်ကို နှစ်ဘက်ခွဲပြီး နောက်ဘက် စည်းပေးကာ ဆံထုံးပုံစံ စည်းနှောင်လိုက်ပြီး Claw Clips နဲ့ နောက်ဆုံးပိတ် ထိန်းပေးလိုက်တာက Aesthetic ဆန်ဆန် လှချင်တဲ့ ပျိုမေတို့နဲ့ သင့်တော်ပါတယ်။
၃။ Bun
Bun ဆံထုံးဆံပင်စတိုင်တွေကတော့ အခုနောက်ပိုင်း အစည်းများလာတဲ့ ဆံပင်စတိုင်ဖြစ်ပါတယ်။ Bun ပေါ်မှာ ခေါင်းစည်းကြိုးပါ အလှထည့်နိုင်ပါသေးတယ်။
၄။ ဆံပင်စည်းတာ
ဆံပင်စည်းတာက ပျိုမေတို့အတွက် အထူးတလည် ပြောစရာမလိုပေမယ့် ကိုယ်ဝတ်တဲ့ အဝတ်အစားနဲ့ အရောင်တူတဲ့ ခေါင်းစည်းကြိုးတွေကို ဝယ်ထားသင့်ပါတယ်။ ဆံပင်စည်းတာချင်းအတူတူ အရောင်တူတူ စည်းထားတဲ့ ပျိုမေတို့က ပိုလှပြီး ပိုထူးခြားနေတတ်လို့ပါ။
၅။ ကျစ်ဆံမြီး
ကျစ်ဆံမြီးနှစ်ဘက်စည်းတာက နည်းနည်းရိုးသွားပါပြီ။ ဒီအစား တစ်ဘက်တည်းကိုပဲ ကျစ်ဆံမြီးကျစ်လိုက်ပြီး ဘေးဘက်ချလိုက်တာက သင့်ကို ကဗျာဆန်ဆန် လှနေစေပါလိမ့်မယ်။
၆။ ဆံပင်ဘေးနှစ်ခွ
ဆံပင်ဘေးနှစ်ခွကိုမှ ပုံထဲကလို ဆံပင်ပြေပြေလေး စည်းပေးတာက သင့်ဆံပင်ကို ပိုအုံထူတယ်ထင်ရစေပြီး မိန်းကလေးဆန်ဆန် လှနေစေပါတယ်။
Photo Source: Pinterest
By MyStyle Myanmar