အဆီပြန်တဲ့ Oily Skin တွေအတွက် ဈေးသက်သာပြီးသုံးလို့ကောင်းတဲ့ Drugstore Foundation 5 မျိုးကို မျှဝေပေးလိုက်ပါတယ်။ မိတ်ကပ်အမြဲလိမ်းရနေတယ်၊ ဈေးအများကြီးလည်း မသုံးချင်ရင် ဒီ Foundation တွေက အရမ်းအဆင်ပြေပါတယ်။ နာမည်ရပြီးသားဖြစ်တဲ့ Best Drugstore Foundation တွေဖြစ်ပါတယ်။

e.l.f. Flawless Finish Foundation

e.l.f. ရဲ့ Flawless Finish Foundation ဆိုရင် $6 ဝန်းကျင်ပဲရှိပါတယ်။ ရွေးချယ်စရာ Shade တွေလည်း အများကြီးရှိပြီး Lightweight, Oil-free formula ဖြစ်လို့ အဆီပြန်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ မိတ်ကပ်လိမ်းရင် ထူထူကြီးမကြိုက်ဘူး၊ အဆီပြန်တာကို ထိန်းပေးတာမျိုးလည်း လိုချင်တယ်ဆိုရင် ဒီ Foundation ကိုသာ ရွေးချယ်ပါ။

Makeup Revolution Conceal & Define Full Coverage Foundation

Makeup Revolution ရဲ့ Conceal & Define Full Coverage Foundation ကျတော့ $12 ဝန်းကျင်ရှိပါတယ်။ အဆီတွေကို ကောင်းကောင်းထိန်းပေးနိုင်ပြီး Gym ဆော့ရင်၊ ခုန်ပေါက်ကခုန်နေရင်တောင်မှ ချွေးကြောင့် မိတ်ကပ်ပျက်တာမျိုး မဖြစ်စေပါဘူး။ ဒါ့အပြင် သူက Full Coverage လည်း ဖြစ်ပါတယ်။

L’Oreal Infallible Fresh Wear Foundation

L’Oreal ရဲ့ လူသုံးများတဲ့ Infallible 24 Hour Fresh Wear Foundation ကတော့ $14.99 ဝန်းကျင်ရှိပါတယ်။ အဆီတွေကိုစုပ်ယူပေးပြီး အချိန်ကြာလာရင် အဆီတွေပြန်လာတာ၊ မိတ်ကပ်ကွက်လာတာမျိုး မဖြစ်စေလို့ အဆီပြန်တဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။

Neutrogena Skin Clearing Oil-Free Makeup

ကိုယ်က အဆီလည်းပြန်တယ်၊ ဝက်ခြံကလည်းထွက်တယ်ဆိုရင်တော့ Neutrogena ရဲ့ Skin Clearing Oil-Free Makeup ကိုသာသုံးပါ။ Salicylic Acid ပါလို့ ဝက်ခြံအတွက် အရမ်းကောင်းပါတယ်။ ချွေးပေါက်တွေကိုလည်း ဖုံးပေးနိုင်ပြီး လိမ်းထားရင် Natural Look လေး ရစေပါတယ်။ ဈေးနှုန်းကတော့ $11.14 ဝန်းကျင်လောက် ရှိပါတယ်။

Maybelline Fit Me Matte + Poreless Foundation

Maybelline ရဲ့ Fit Me Matte + Poreless Liquid Foundation ကတော့ လူသုံးအရမ်းများပါတယ်။ အဆီပြန်တဲ့သူတွေအတွက်တော့ အဆင်ပြေပါတယ်။ အဆီပြန်တာကို ထိန်းပေးပြီး Makeup Look လည်း လှစေပါတယ်။ ဈေးနှုန်းကတော့ $5.29 ဝန်းကျင်ပဲ ရှိပါတယ်။

source:www.seventeen.com