ဆံပင်ဆိုးဆေးနဲ့ ခဏခဏ ထိတာ၊ ဆံပင်ကို သေချာ ဂရုမစိုက်ဖြစ်ဘဲ အပူနဲ့ ထိတွေ့တာ များတဲ့အခါ ဆံပင်ပျက်စီးလာတတ်ပါတယ်။ ပျက်စီးခြောက်သွေ့သွားတဲ့ဆံကေသာကို မြင်ရတာ သင့်အတွက် စိတ်မချမ်းသာစရာပါပဲ။ ဒီလို အချိန် သင်ဆံပင်ညှပ်ပစ်ချင်စိတ်တွေ ပေါ်လာမှာပါ။ ဆံပင်ညှပ်တာက သင့်ပုံစံကို လုံးဝပြောင်းလဲသွားစေနိုင်ပါတယ်။ ဒါ့အပြင် ဆံပင်ညှပ်တာက သတ္တိကောင်းတဲ့ မိန်းကလေးတွေပဲ ညှပ်ရဲမှာပါ။

ဆံပင်ညှပ်တဲ့အချိန် ရလာတဲ့အကျိုးကျေးဇူးတစ်ခုက သင့်ကိုအရင်ကထက် ပိုပေါ့ပါး သွက်လက်လာစေပါတယ်။ ဒါ့အပြင် ဆံပင်ကို အချိန်ပေးပြီး ထိန်းသိမ်းစရာမလိုတော့ပါဘူး။ ဆံပင်ကျွတ်တာကနေလည်း တစ်ခါတည်း ကာကွယ်ရာရောက်ပါတယ်။ ဒီတော့ သင့်မျက်နှာကျအလိုက် သင်ကြိုက်တဲ့ ဆံပင်တို ပုံစံတွေကို ရွေးချယ်နိုင်ဖို့ ကြည့်လိုက်ရအောင်နော်-

ယောက်ျားဆန်ဆန်ပုံစံလေး ညှပ်ချင်သူတို့အတွက်

ဆံပင်အတိုကို ကောက်လိုက်တာက သင့်ကို ထူးခြားစေမှာပါ။

ရှေ့ Curtain Bang လေးနဲ့

ဒါကတော့ အညှပ်များတဲ့ ဆံပင်တိုပုံစံပါ။ ဆံပင်ကို ရှေ့ဘက်ကွေးယူတာမျိုးပါ။

အတိုကိုမှ Step ကေ

ရှေ့ဘက် ဆံပင်ချတဲ့ နေရာပိုတိုပြီး နောက်ဘက် အဖြောင့်အတို

သဘာဝကျကျ ဆံပင်အတို

Wendy လို ရှေ့ဆံပင်ချပြီး ဂုတ်ဝဲလေးက ချစ်စရာကောင်းတဲ့ ပျိုမေတို့နဲ့ လိုက်ဖက်ပါတယ်။

Wolf Cut ဆိုပြီး ခေတ်စားနေတဲ့ ဆံပင်တို

Photo Source: Pinterest

By MyStyle Myanmar