အသက် ၃၀ ကျော် အမျိုးသမီးတွေနဲ့လိုက်ဖက်တဲ့ ရိုးရှင်းပြီးလှပတဲ့ ဆံပင်စတိုင်လ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ အပြင်သွားတဲ့အခါ၊ အလုပ်သွားတဲ့အခါတွေမှာ ဆံပင်ကို ဖားလျားချပြီးမသွားချင်ရင် ဒီဆံပင်စတိုင်လ်လေးတွေ အမျိုးမျိုးလုပ်သွားလို့ရတဲ့အတွက် အသုံးဝင်စေမှာပါ။

ဆံပင်ကောက်ထားတဲ့သူတွေဆိုရင် ဒီလိုလေးတစ်ဝက်ယူပြီး ဆံပင်ကိုပြင်ကြည့်ပါ။ ရိုးရိုးရှင်းရှင်းလေးနဲ့ သပ်ရပ်ပြီး အရမ်းလှပါတယ်။ အပြင်သွားတဲ့အခါ၊ အလုပ်သွားတဲ့အခါ၊ ပွဲတွေသွားတဲ့အခါမှာလည်း ပြင်သွားလို့ အဆင်ပြေတဲ့ ဆံပင်စတိုင်လ်ဖြစ်ပါတယ်။

ဆံပင်တစ်ဝက်စည်းတာက မိန်းကလေးတိုင်းနဲ့လိုက်ဖက်ပြီး မိန်းကလေးဆန်ဆန်နဲ့ လှနေစေပါတယ်။ ခုနကလို ဆံပင်ကိုအပြင်တတ်ရင် အလွယ်တကူ ကလစ်လေးတွေ၊ ဖဲကြိုးလေးတွေနဲ့ ချည်လို့ရပါတယ်။

ဆံပင်စည်းတဲ့အခါမှာ ရိုးရိုးခေါင်းစည်းကြိုးတွေနဲ့မစည်းပဲ ဆံပင်နဲ့ ဒီလိုလေး ပြန်စည်းကြည့်ပါ။ ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။ အသက် ၃၀ ကျော်တွေနဲ့လည်း အရမ်းလိုက်ဖက်တဲ့ ဆံပင်စတိုင်လ်မျိုးပါ။

ဆံပင်ရှည်ရင် ပုဝါလေးနဲ့ ဒီလိုဆံထုံးလေးထုံးကြည့်ပါ။ စတိုင်လ်တစ်မျိုးလေးဖြစ်ပြီး အရမ်းလှပါတယ်။ ရုံးသွား၊ အပြင်သွားရင် ပြင်ဆင်သွားလို့ အရမ်းအဆင်ပြေတဲ့ ဆံပင်စတိုင်လ်လေးပါ။

အခုခေတ်စားနေတဲ့ ဒီလိုကလစ်လေးတွေနဲ့ ဆံပင်ကိုလှန်တင်ထားတာမျိုးကလည်း အသက် ၃၀ ကျော် အမျိုးသမီးတွေနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်လေးပါ။ တည်ငြိမ်ပြီးလှတဲ့ပုံစံမျိုးလေး ဖြစ်စေပါတယ်။

အသက် ၃၀ ကျော် အမျိုးသမီးတွေက ဆံပင်ဖားလျားချမယ်ဆိုရင် တစ်ဖက်ကို ကလစ်လေးနဲ့သိမ်းထားတာမျိုးနဲ့ အရမ်းလိုက်ပါတယ်။ လူငယ်နည်းနည်းဆန်သွားစေပြီး လှလည်းလှပါတယ်။

ဆံပင်စည်းမယ်ဆိုရင် ခေါင်းစည်းကြိုးတွေနဲ့မစည်းပဲ ပုဝါလေးတွေနဲ့ ဒီလိုမျိုးစည်းကြည့်ပါ။ ကပိုကယိုလေးနဲ့ ပိုပြီးလှပါတယ်။

ကျစ်ဆံမြီးကို ဒီတိုင်းမကျစ်ပဲ ပုဝါလေးနဲ့တွဲပြီး ကျစ်လိုက်ရင် ဆံပင်စတိုင်လ် တစ်မျိုးဆန်းပြီး ပိုလှသွားစေပါတယ်။ ဒါလည်း ကပိုကယိုလေးနဲ့လှတဲ့ ဆံပင်စတိုင်လ်ပဲ ဖြစ်ပါတယ်။

တည်ငြိမ်တဲ့ပုံစံလေးနဲ့ ဆံပင်စတိုင်လ်ဆန်းဆန်းလေး လုပ်ချင်ရင်တော့ ဒီဆံပင်စတိုင်လ်လေးသာ try ကြည့်ပါ။ အသက် ၃၀ ကျော် အမျိုးသမီးတွေနဲ့ဆို အရမ်းလှမှာပါ။

ဆံပင်ကောက်ထားတယ်ဆိုရင် ဒီလိုကျစ်ဆံမြီးကျစ်ပြီး ဆံပင်စည်းကြည့်ပါ။ မိုက်လည်းမိုက်သလို၊ လှလည်းလှပါတယ်။ အပြင်သွားရင် ပြင်ဆင်သွားလို့ကောင်းမယ့် ဆံပင်စတိုင်လ်မျိုးပါ။

photo source:www.pinterest.com