Glow ချင်နေတဲ့သူတွေအတွက် Toner လိမ်းရုံနဲ့ မျက်နှာလေးက ရေဓာတ်ပြည့်ဝပြီး glow နေစေမယ့် ကိုရီးယား Toner တွေကို မျှဝေပေးလိုက်ပါတယ်။ ဈေးကြီးတာတွေပါသလို ဈေးသင့်တင့်တာတွေလည်းပါတာကြောင့် ကိုယ့်အသားအရေနဲ့ ကိုယ့် Budget နဲ့ ကိုက်ပြီးတော့ ရွေးချယ်လို့ရတာပေါ့။

Innisfree Intensive Hydrating Toner With Green Tea Seed

Skincare brand တွေ အများကြီးမပေါ်ခင်ကဆိုရင် Innisfree က အရမ်းလူကြိုက်များပြီး လူသုံးများပါတယ်။ အထူးသဖြင့် Innisfree က Green Tea Seed Series ဆို လူတိုင်းနီးပါးနဲ့ အဆင်ပြေပါတယ်။ Toner ထဲမှာဆိုလည်း ဒီ Toner Hydrating ကောင်းကောင်းပေးနိုင်ပြီး အသားအရေကို ချောမွေ့စေတယ်။ Skin Texture ကောင်းလာစေပြီး Healthy Glow Look လေး ရလာစေပါတယ်။

Glow Recipe Watermelon Glow PHA +BHA Pore-Tight Toner

Glow Recipe က နာမည်ကြီး ဒီ Toner ကတော့ Dead Skin Cells တွေကို Exfoliate လုပ်ပေးပြီး ချွေးပေါက်ကျယ်တာကို သက်သာစေပါတယ်။ Hydrating ကောင်းကောင်းပေးနိုင်တာကြောင့် Sensitive Skin တွေအပြင် All Skin Type သုံးလို့ရပါတယ်။ သိသိသာသာကို အသားလေးကြည်ပြီး Glow လာစေပါတယ်။

Klairs Supple Preparation Facial Toner

Klairs ရဲ့ ဒီ Toner က All Skin Type သုံးလို့ရပြီး Sensitive Skin တွေနဲ့ ဝက်ခြံသမားတွေပါ သုံးလို့ရပါတယ်။ ရေဓာတ်ဖြည့်ပေးတဲ့ Hydrating Toner ဖြစ်တာကြောင့် အသားအရေကြည်စေပါတယ်။ Skin Texture လည်း ပိုကောင်းလာစေပါတယ်။

SK-II Facial Treatment Clear Lotion Toner

SK-II ရဲ့ ဒီ Toner ကျတော့ ရေဓာတ်ပြည့်ဝပြီး အသားကြည်စေတယ်၊ Glow စေပါတယ်။ ဒါ့အပြင် အမဲစက်နဲ့ အရေးအကြောင်းတွေလည်း လျော့ပါးစေတာကြောင့် အသက် ၂၅ နှစ်အထက်တွေသုံးဖို့ အထူးသင့်တော်ပါတယ်။

I’m From Rice Toner

အခုနောက်ပိုင်းအရမ်းနာမည်နေတဲ့ I’m From Rice Toner ကျတော့ Hydrating & Moisturizing Effect အပြည့်အဝရစေပါတယ်။ အဆီဖုနဲ့ဝက်ခြံထွက်တဲ့သူကလွဲလို့ ကျန်တဲ့အသားအရေတွေ သုံးလို့ရပါတယ်။ အသားသိသိသာသာကြည်ပြီး Glow လာစေပါတယ်။ စွဲသုံးပေးရင် မျက်နှာလေးဖြူပြီး Brightening Skin ဖြစ်လာစေပါတယ်။

Laneige Cream Skin Toner & Moisturizer

Laneige ရဲ့ ဒီ Toner ကျတော့ Tow-in-One Toner ဖြစ်ပြီး အသားခြောက်တဲ့သူတွေအတွက် အရမ်းသင့်တော်ပါတယ်။ Dead Skin Cells တွေကို ဖယ်ရှားပေးပြီး မျက်နှာအသားအရေ နူးညံ့လာစေပါတယ်။ အသားအရေကလည်း ရေဓာတ်ပြည့်ဝလာတဲ့အတွက် ကြည်ပြီး Glow လာစေပါတယ်။ Normal Skin နဲ့ Combination Skin တွေဆိုရင် ဒီတစ်မျိုးထဲနဲ့တင် Moisturizer တောင် သီးသန့်ထပ်လိမ်းစရာ မလိုတော့ပါဘူး။