ကိုယ်က တခြားသူနား ဖြတ်သွားပြီဆိုရင် အနံ့တစ်မျိုး ကျန်ခဲ့တာမျိုးကို မိန်းကလေးတိုင်းလိုလို လိုချင်ကြပါတယ်။ ဒီအနံ့လေးရလိုက်တာနဲ့ ကိုယ်ပါလားဆိုပြီး တခြားသူတွေ သိလိုက်တာမျိုးက တော်တော်ဂုဏ်ဆာစရာ ကိစ္စတစ်ခုပါ။ ရေမွှေးအများစုက စွတ်စွတ်ချင်းမှာ မွှေးပေမယ့် တစ်နာရီနှစ်နာရီကြာရင် အနံ့ ပျောက်သွားတတ်ပါတယ်။ သင်က ဒီလိုမဟုတ်ဘဲ သင့်ဆီက တစ်နေ့လုံး ကိုယ်သင်းနံ့ မွှေးမွှေးလေး ရစေချင်ရင်တော့ ဒီနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

၁။ မနက်ပိုင်းမှာ ရေချိုးပါ

ရေစိုတဲ့အခါ အသားထဲကို မွှေးရနံ့တွေ ပိုစိမ့်ဝင်ဖို့ လွယ်ကူပါတယ်။ သင်က မနက်တည်းက အနံ့မွှေးမွှေးလေး ပိုင်ဆိုင်ချင်ရင်တော့ မနက်တိုင်း ရေချိုးပေးသင့်ပါတယ်။

၂။ Vaseline လိမ်းပါ

ဒီနည်းလမ်းကိုတော့ ပျိုမေအများစု သိပြီး ဖြစ်မှာပါ။ ရေမွှေးနံ့ဆွဲနေစေဖို့ ရေမွှေးမစွတ်ခင် စွတ်မယ့်နေရာမှာ Vaseline လိမ်းပေးရပါမယ်။ ရေမွှေးဆွတ်တဲ့အခါ သွေးခုန်တဲ့နေရာပေါ် ဆွတ်ပေးသင့်ပါတယ်။

၃။ သင့်ဆံသားသင်းသင်းလေး မွှေးဖို့

သင့်ဆံပင်ကို တစ်နေ့လုံး မွှေးမွှေးလေး ဖြစ်စေချင်ရင် ခေါင်းလျှော်တဲ့အခါ ရှန်ပူနဲ့ Conditioner အနံ့တူတာကို ရွေးသုံးပေးရပါမယ်။

၄။ ရေမွှေးနဲ့ လိုးရှင်းကို အနံ့တူတာ ရွေးပါ

ဒီလို တူနေဖို့က သင်ပိုအားထုတ်မှ ဖြစ်မှာမို့ နည်းနည်းတော့ ခက်ပါတယ်။ လိုးရှင်းနဲ့ ရေမွှေးနံ့ အတူတူ ဖြစ်နေမယ်ဆိုရင်တော့ သင့်မွှေးရနံ့ တစ်နေလုံး သင်းသင်းလေး ဖြစ်နေပါလိမ့်မယ်။

၅။ Shea Butter ကိုလိမ်းပေးပါ

သင့်ခန္ဓာကိုယ် အစိုဓာတ်ရဖို့ Shea Butter ကို သုံးပေးသင့်ပါတယ်။ Shea Butter က ခန္ဓာကိုယ်ထဲ မွှေးရနံ့ စိမ့်ဝင်ဖို့ ကူညီပေးနိုင်ပြီး သင့်အသားအရေကို ကျန်းမာစေပါလိမ့်မယ်။

၆။ ရေချိုးပြီးတာနဲ့ Lotion လိမ်းပါ

သင်က Lotion လိမ်းဖို့ ခဏခဏ မေ့တတ်သူဆိုရင် မမေ့စေဖို့ ရေချိုးပြီးတာနဲ့ Lotion လိမ်းဖို့ ကိုယ့်ကိုကိုယ် ကတိပေးထားပါ။ တစ်နေ့လုံး မွှေးနေဖို့က Lotion ကို မဖြစ်မနေ လိုအပ်ပါတယ်။

၇။ ကိုယ်ပိုင် အနံ့ တစ်ခုထားပါ

ရေမွှေးနံ့ ဆွဲဖို့က ပုံမှန်ဆွတ်နေကျ အနံ့တစ်မျိုး ရှိဖို့ လိုပါတယ်။ သင်က ရေမွှေးနံ့ ခဏခဏ ပြောင်းနေမယ်ဆိုရင် အနံ့တစ်ခုဆွဲဖို့ အချိန်ယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်ကြိုက်တဲ့ မွှေးရနံ့အလိုက် ကိုယ့်သဘောအတိုင်း ပြောင်းချင်ပြောင်းနိုင်ပါတယ်။ ဘယ်သူ့ကိုမှ ဂရုစိုက်ဖို့ မလိုပါဘူး။

Photo Source: Pinterest

By MyStyle Myanmar