လူတစ်ဦးနဲ့တစ်ဦး ခန္ဓာကိုယ်အချိုးအစား တည်ဆောက်ပုံခြင်းမတူညီကြပါဘူး။ တစ်ခါတစ်ရံမှာ အချို့မိန်းကလေးတွေက ခန္ဓာကိုယ်ဝနေလို့ ဒါမှမဟုတ် အရမ်းပိန်နေလို့စတဲ့ အတွေးတွေကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းပြီး ဘာဝတ်ဝတ်ကြည့်မကောင်းဘူးလို့ ခံစားမိတတ်ကြပါတယ်။ ဒီလိုအတွေးများနေမယ့်အစား ဘယ်လိုဝတ်လိုက်ရင် ကိုယ့်အချိုးအဆစ်နဲ့ လိုက်ဖက်မလဲဆိုတဲ့ ဖက်ရှင်အိုင်ဒီယာတွေသိထားဖို့ကပိုအရေးကြီးပါတယ်။
ဒီတစ်ခေါက်မှာ ပေါင်တံတုတ်တုတ်တွေ ရှိကြတဲ့ပျိုမေတို့အတွက် ကိုယ်နဲ့လိုက်ဖက်စေမယ့် အဝတ်အစား ရွေးချယ်ရာမှာ သိထားသင့်တဲ့ Fashion Tips တွေအကြောင်းကိုမျှဝေပေးလိုက်ပါတယ်။
၁။ ရိုးရိုးဘောင်းဘီနဲ့ ဂျင်းဘောင်းဘီ
ပေါင်တံပြည့်တဲ့သူတွေအတွက် ဒဲ့အပွဘောင်းဘီရှည်တွေက ထသွားထလာပေါ့ပေါ့ပါးပါးဝတ်ဖို့ သင့်တော်ပါတယ်။ အစင်းကြားဘောင်းဘီတွေကြိုက်တဲ့ပျိုမေတို့အနေနဲ့ကတော့ ခြေတံရှည်ရှည်လေးလို ထင်ရစေမယ့် ဒေါင်လိုက်အစင်းတွေပါတဲ့ ဘောင်းဘီရှည်အပွလေးတွေဝတ်ဆင်ပေးပါ။ ဂျင်းနဲ့ ရိုးရိုး အောက်အကား ခေါင်းလောင်းဘောင်းဘီရှည်လေးတွေဝတ်ဆင်တာကလည်း သင့်ကို ခေတ်ဆန်ပြီး အထာကျနေစေပါတယ်။
စကတ်ဝတ်တာက ပူတဲ့ရာသီတွေမှာ ဘောင်းဘီဝတ်ရတာထက်အဆင်ပြေပါတယ်။ ခါးသေးပြီး ပေါင်ကြီးတဲ့သူတွေအနေနဲ့ ပေါင်တံကိုဖုံးပေးပြီး ခါးကောက်ကြောင်းပေါ်လွင်စေတဲ့ ခါးတင်ဒူးဖုံးစကတ်လေးတွေ၊ ဘေးအကားစကတ်တွေကိုဝတ်ဆင်ပေးပါ။ ပေါင်တံပြည့်ပြည့်နဲ့ တင်ခပ်ကားကားကို ပေါ်လွင်အောင်ဝတ်ချင်တဲ့သူတွေအတွက်တော့ ဆွဲသားစကတ်အကပ်လေးတွေက ဆွဲဆောင်မှုရှိရှိနဲ့စမတ်ကျနေစေဖို့ထောက်ပံ့ပေးနိုင်မှာပါ။
၃။ ဂါဝန်
ခါးစည်းအောက်အကား ဂါဝန်လေးတွေ၊ အထပ်ဂါဝန်လေးတွေက ပေါင်ကြီးတဲ့သူတွေနဲ့ အရမ်းအဆင်ပြေပါတယ်။ အပွင့်အခက်တွေပါဝင်တဲ့ ခါးစည်းအရှည်ဂါဝန်ဒီဇိုင်းတွေကလည်း ပေါ့ပေါ့ပါးပါးနဲ့လိုက်ဖက်စေတဲ့ပုံစံလေးတွေဖြစ်ပါတယ်။
၄။ အင်္ကျီ
ခါးရှည်အင်္ကျီလေးတွေ၊ အပေါ်ဝတ် Cardigan အပါးလေးတွေက ပေါ့ပေါ့ပါးပါးနဲ့ လိုက်ဖက်စေမှာပါ။ ပေါင်တုတ်တာ မသိသာစေဖို့အတွက် အပေါ်ပိုင်းကိုမြင်သာစေတဲ့ အင်္ကျီအရောင်လင်းလင်းလေးတွေကို ရွေးချယ်ပေးသင့်ပါတယ်။ အင်္ကျီလက် ဇာအနားတွန့်လေးတွေ၊ V-Neck အင်္ကျီလည်ပင်းလေးတွေနဲ့ လိုက်ဖက်ပါတယ်။
အမဲရောင်၊ မီးခိုးရောင်နဲ့ နက်ပြာရောင်ရှိတဲ့ အဝတ်အစားတွေက ခန္ဓာကိုယ်ရဲ့အပြစ်အနာအဆာတွေကို ဖုံးပေးပြီး ခပ်သွယ်သွယ်ပုံပေါက်စေပါတယ်။ ဒါကြောင့် ဘောင်းဘီ၊ စကပ်စတဲ့အဝတ်အစားရွေးချယ်တဲ့အခါ အရောင်မှိန်မှိန်တွေကိုရွေးချယ်ပေးပါ။
Photo Source: Pinterest
By MyStyle Myanmar