ရင့်ကျက်ဖို့အတွက် အသက်ကြီးတဲ့အထိ စောင့်စရာမလိုပါဘူး။ အသက်ကြီးပြီး မရင့်ကျက်သေးသူတွေလည်း အများအပြားရှိပါတယ်။ သင့်ရဲ့ အတွေးအခေါ်၊ သင့်ကိုယ်သင်သိစိတ်၊ သင့်အတွေ့အကြုံတွေပေါ် မူတည်ပြီး ရင့်ကျက်မှု Level က တစ်ယောက်နဲ့ တစ်ယောက် ကွာခြားသွားတတ်ပါတယ်။ အခု ဖော်ပြထားတဲ့အချက်တွေက သင့်ဆီမှာ မရှိသေးရင်တော့ သင်က မရင့်ကျက်သေးပါဘူး။ သင်က ရင့်ကျက်သူ ဟုတ်မဟုတ် ဒီအချက်တွေနဲ့ ချိန်ထိုးကြည့်ရအောင်နော်-

၁။ ခံစားချက်နဲ့ မဆုံးဖြတ်ဘူး

ရင့်ကျက်သူတွေက ခံစားချက်အတိုင်းမလုပ်ဘဲ သူတို့ကိုယ်သူတို့ သိနားလည်ပြီး ဆုံးဖြတ်လုပ်ကိုင်တတ်ကြပါတယ်။ မရင့်ကျက်သူတွေကတော့ ခံစားချက်ကို ရှေ့တန်းတင်တတ်ကြပါတယ်။ ခံစားချက်ကို အခြေခံတာကြောင့် ဆုံးဖြတ်ချက်တွေ မှားယွင်းတတ်ကြပါတယ်။ ရင့်ကျက်သူတွေကအကြောင်းအရာတစ်ခုပေါ်မှာ အချိန်ယူပြီး သူတို့နဲ့ ဘာအဆင်ပြေဆုံးလဲ ရွေးချယ်တတ်ကြပါတယ်။ စိတ်ခံစားချက်ကို ထိန်းချုပ်တတ်ပြီး သူတို့အတွက် အဆင်အပြေဆုံးအရာကို ရွေးချယ်လုပ်ကိုင်ကြပါတယ်။ ခံစားချက်နောက်လိုက်ပြီး ဆုံးဖြတ်ချက်တွေ မဝေဝါးတတ်ပါဘူး။

၂။ စိတ်ရှည်ကြတယ်

အိပ်မက်ပန်းတိုင်တွေက စိတ်ရှည်ရှည်နဲ့ ဖြေးဖြေးချင်း အချိန်ယူကြိုးစားရမှန်း နားလည်ကြသူတွေဖြစ်ပါတယ်။ လမ်းတစ်ဝက်မှာ ရပ်တန့်လိုက်သူတွေကို သင်မြင်ဖူးမှာပါ။ ရင့်ကျက်သူတွေကတော့ ဒီလို မဟုတ်ပါဘူး။ တခြားသူတွေမှာလည်း ပြဿနာကိုယ်စီ ရှိမှာပဲလို့ သင်က နားလည်ပေးပြီး စိတ်ရှည်စောင့်ဆိုင်းပေးတတ်ပါတယ်။

၃။ ကတိတည်တယ်

ရင့်ကျက်သွားသူတွေက သူတို့လုပ်တဲ့အလုပ်တစ်ခုကို ဖြစ်အောင် လုပ်တတ်ကြပါတယ်။ ကိုယ့်ကိုကိုယ် ကတိပေးထားတဲ့အရာကို ရောက်အောင် သွားကြပါတယ်။ ကြားကာလ စိတ်အားထက်သန်မှု ပျောက်နေတဲ့အချိန်မှာတောင် သူတို့က မရပ်တန့်ဘဲ ဆက်သွားကြပါတယ်။

၄။ များများနားထောင်ပြီး စကားနည်းသူတွေ

ရင့်ကျက်သူတွေက ကိုယ်ဘာပြောရမလဲ စဉ်းစားတာထက် များများပိုနားထောင်တတ်ကြပါတယ်။ သူတို့က သေချာစဉ်းစားကာ ပြောတတ်ကြပြီး အဓိပ္ပာယ်ရှိတဲ့ စကားဝိုင်းတစ်ခု ဖြစ်စေပါတယ်။ လူအများစု ပြောသမျှကို သေချာနားထောင်ပေးပြီး လူတိုင်းဆီက သင်ယူစရာတွေ အများကြီးရှိတာကို နားလည်ထားသူတွေဖြစ်ပါတယ်။

၅။ အာရုံစိုက်ခံရမှုကို မလိုအပ်ဘူး

ရင့်ကျက်တဲ့လူတစ်ယောက်က တခြားသူတွေရဲ့ Attention ကို မရလည်း အေးဆေးပါပဲ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိကြပြီး တစ်ခုခု အောင်မြင်ခဲ့ရင် တခြားသူရဲ့ ချီးကျူးစကား မကြားရလည်း အဆင်ပြေကြောင်း နားလည်ထားသူတွေ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်သူတွေ ဖြစ်ပါတယ်။

၆။ အမြင်ကျယ်တယ်

သင်က ငါပဲမှန်တယ်ဆိုပြီး ငါစွဲမရှိဘဲ ရှုထောင့်မျိုးစုံကို တွေးပေးတတ်ပါတယ်။ ဘဝမှာ သင်ယူစရာ များစွာရှိကြောင်း နားလည်ထားပြီး အမြင်ကျယ်ကျုယ် ဖြတ်သန်းတတ်ကြသူတွေဖြစ်ပါတယ်။

၇။ ကိုယ့်ကိုကိုယ် သိကြတယ်

စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုမှာ ကိုယ့်ကိုကိုယ် သိတတ်မှုက အခရာကျပါတယ်။ တစ်ခုခု မပြောခင် သေချာစဉ်းစားတတ်ပြီး သူတို့လုပ်ရပ်နောက်ဆက်တွဲက ဘာဖြစ်မလဲ အချိန်ယူတွေးတတ်ကြပါတယ်။ အမှားလုပ်ခဲ့မိရင်လည်း ကိုယ့်အမှားကိုယ် တာဝန်ယူတတ်ကြပါတယ်။

သင်က အပေါ်က အချက် ၇ ချက်မှာ ဘယ်နှစ်ချက် ကိုက်ညီမှုရှိပြီလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar