အခုနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် စက်ဘီးစီးတဲ့သူပိုများလာပါတယ်။ ဒီထဲ မိန်းကလေးတွေလည်းပါဝင်ပါတယ်။ တချို့က  အလုပ်၊ အပြင်ထွက်တဲ့အခါ စီးသလို တချို့က အားကစားအတွက် စီးတတ်ကြပါတယ်။သင်ချစ်တဲ့ စက်ဘီးနဲ့အတူ ဓာတ်ပုံလှလှလေးတွေ ပို့စ်ပေးနိုင်ပါတယ်။ စက်ဘီးနဲ့ ပို့စ်ပေးတာက သင့်လက်ကို ဘယ်နားထားရမလဲ တွေးနေရတဲ့ ဒုက္ခကနေလည်း လွတ်သွားပါလိမ့်မယ်။ ဒီတော့ စက်ဘီးတစ်စီးနဲ့ ဘယ်လိုပို့စ်လှလှပေးနိုင်မလဲ ကြည့်လိုက်ရအောင်နော်-

စက်ဘီးကို ကိုယ့်နောက်ဘက်မှာ ထားပြီး လက်တစ်ဘက်နဲ့ အားပြုထားတဲ့ ပို့စ်လေး

အစိမ်းရောင်အပင်ကို နောက်ခံထားပြီး စက်ဘီးနဲ့ ပို့စ်ပေးတာက သင့်ကို သဘာဝတရားနဲ့ နီးစပ်စေပြီး သင့်ဓာတ်ပုံကို ကြည့်တဲ့သူတွေလည်း စိတ်ချမ်းသာစေပါတယ်။

နောက်ခံ အုတ်နံရံလှလှလေးတွေကလည်း သင့်စက်ဘီးနဲ့ လိုက်ဖက်နေမှာပါ။

မျက်နှာမဖော်ချင်တဲ့ မိန်းကလေးတွေအတွက် ဒီလိုပို့စ်ပေးနိုင်ပါတယ်

စက်ဘီးပေါ်မနေဘဲ ဘေးဘက်ထိုင်ပြီး ပို့စ်ပေးရင်လည်း လှနေတာပါပဲ။

စက်ဘီးစီးလျက်နဲ့ နောက်ပြန်လှည့်တဲ့ပုံစံက သဘာဝကျကျနဲ့ ဓာတ်ပုံဆန်းလေး ရစေပါတယ်။

စက်ဘီး Handle ကို လက်ထောက်ထားတဲ့ပုံစံကလည်း သင့်ဓာတ်ပုံကို သဘာဝကျကျ ဖြစ်စေမှာပါ။

စက်ဘီးတွန်းလာတဲ့ပုံစံလေး

စက်ဘီးပေါ်ထိုင်နေတဲ့ပုံစံလေးကလည်း သင့်ကို ချစ်စရာကောင်းစေမှာပါ။