အဆီပြန်တဲ့ oily skin တွေအနေနဲ့ မိတ်ကပ်လိမ်းတဲ့အခါမှာ သေချာမလိမ်းရင် အချိန်ကြာလာတဲ့အခါ အဆီတွေပြန်ပြီး မဲသွားတာ၊ မိတ်ကပ်ကွက်သွားတာ၊ ပျက်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် အဆီပြန်တဲ့သူတွေအတွက် flawless makeup look ရစေဖို့ သုံးပေးရမယ့် step တွေကို ဖော်ပြပေးလိုက်ပါတယ်။

Cleanser

မိတ်ကပ်မလိမ်းခင်မှာ အရင်ဆုံး မျက်နှာကို cleanser နဲ့သစ်ပေးပါ။ Cleanser သုံးတဲ့အခါမှာလည်း oil-free cleanser မျိုးကို ရွေးသုံးပေးတာက ပိုကောင်းပါတယ်။ ဝက်ခြံထွက်တဲ့သူဆိုရင် ဝက်ခြံအတွက် အဆင်ပြေတာမျိုးပါ ရွေးသုံးပေးပါ။

Moisturizer

တချို့က အဆီပြန်တယ်ဆိုပြီး moisturizer မလိမ်းပဲ နေတတ်ကြပါတယ်။ Moisturizer က အဆီပြန်တဲ့သူအတွက်လည်း လိုအပ်ပါတယ်။ အသားအရေတိုင်းအတွက် မရှိမဖြစ်လိုအပ်တာပါ။ Moisturizer သုံးလို့ အဆီပိုပြန်တယ်ဆိုတာမျိုးမရှိပါဘူး။ ကိုယ်က အဆီပြန်တဲ့သူဆိုရင် cream type တွေမသုံးပဲ gel type တွေ ရွေးသုံးပါ။ အဆီပြန်တဲ့သူတွေအနေနဲ့လည်း မိတ်ကပ်မလိမ်းခင်မှာ moisturizer လိမ်းပေးရပါမယ်။

Sunscreen

ကိုယ်မိတ်ကပ်လိမ်းမယ့်အချိန်က ညနေ ၄ နာရီနောက်ပိုင်းကလွဲလို့ ကျန်တဲ့အချိန်တွေမှာဆိုရင် sunscreen step ကို လိမ်းပေးရပါမယ်။ ဒါမှ နေရောင်ခြည်ဒဏ်ကြောင့် အသားအရေပျက်စီးတာမျိုး မဖြစ်မှာပါ။

Primer

Primer က မိတ်ကပ်သားကြာရှည်ခံအောင် လုပ်ပေးနိုင်တဲ့အတွက် အဆီပြန်တဲ့သူတွေအတွက်တော့ မရှိမဖြစ်လိုအပ်ပါတယ်။ မိတ်ကပ်လိမ်းမယ်ဆိုရင် primer ခံလိမ်းပေးဖို့ မမေ့ပါနဲ့။

Foundation

အဆီပြန်တဲ့သူတွေက အောက်ခံမိတ်ကပ် foundation ကိုသုံးတဲ့အခါမှာ oil free ဖြစ်တာမျိုး၊ matte type မျိုးကို ရွေးသုံးပေးသင့်ပါတယ်။

Setting powder

တခြား skin type တွေကတော့ foundation လိမ်းပြီး setting powder မသုံးချင်လည်းရပေမယ့် အဆီပြန်တဲ့သူတွေကျတော့ setting powder ထပ်သုံးပေးမှ အဆင်ပြေမှာပါ။ ဒါမှ မိတ်ကပ်သားရွေ့တာမျိုးမဖြစ်ပဲ သိပ်သိပ်လေးနဲ့ လှနေမှာပါ။ အဆီပြန်တာကိုလည်း ထိန်းပေးထားနိုင်မှာပါ။

Setting spray

အားလုံးပြီးသွားရင် မိတ်ကပ်သားပိုလှစေဖို့၊ မိတ်ကပ်သား ပိုပြီးကြာရှည်ခံစေဖို့ setting spray ဖြန်းပေးပါ။

Eyeliner

အဆီပြန်တဲ့သူတွေက eyeliner သုံးမယ်ဆိုရင် liquid type တွေထက် gel type, pencil type တွေကို ရွေးသုံးပေးပါ။ ဒါမှလည်း အဆီအရမ်းပြန်ရင် eyeliner တွေ ပျံ့ကုန်တာမျိုး၊ ပျက်ကုန်တာမျိုး မဖြစ်မှာပါ။

Mascara

ပြီးပြည့်စုံတဲ့ flawless makeup look အတွက် eyeliner မသုံးရင်တောင်မှ mascara သုံးပေးရပါမယ်။

နှုတ်ခမ်းနီ

မိတ်ကပ်ပြင်ပြီဆိုရင် မရှိမဖြစ်လိုအပ်တာတော့ နှုတ်ခမ်းနီပါပဲ။ ဒီအဆင့်ကိုလည်း ချန်ခဲ့လို့မဖြစ်ပါဘူး။