Relationship တစ်ခုကို သေချာတည်ဆောက်တော့မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိဖို့ကတော့ မဖြစ်မနေ အလိုအပ်ဆုံးအချက်ပါပဲ့။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိနေရက်နဲ့တောင် ကွဲကွာသွားတာမျိုးတွေလည်း ရှိပါတယ်။ RSတစ်ခုမှာ တစ်ယောက်တည်း ချစ်နေ ကောင်းနေလို့ အဆင်မပြေပါဘူး။ အဲ့လို RSက ကြာလာတာနဲ့အမျှ ကတောက်ကဆလေးတွေ ဖြစ်ပေါ်လာပြီး ရေရှည်မှာလည်း ကောင်းမွန်လာဖို့ လမ်းမမြင်ပါဘူးနော်။

ဒါကြောင့် သင့်ရဲ့ Relationship ကို ကြာရှည်တည်မြဲအောင် နှစ်ယောက်လုံး လုပ်ပေးဖို့လိုအပ်တဲ့ အချက်လေးတချို့ကို ဝေမျှပေးချင်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက်နားလည်မှုထားပါ

Source: FirstCry Parenting

Relationship တစ်ခုမှာ ဒုတိယအရေးအကြီးဆုံးက တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိဖို့ပါပဲ့။ နားလည်မှုမရှိရင် ဘယ်လောက်ပဲချစ်ချစ်၊ ဘယ်လောက်ပဲ သစ္စာရှိရှိ အဆင်မပြေပါဘူး။ ခဏခဏ ပြဿနာဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် နှစ်ယောက်စလုံး နားလည်မှုရှိအောင် ကြိုးစားတည်ဆောက်ရပါမယ်။

ကိုယ့်ချစ်သူကို အချိန်ပေးပါ

Source: Lightfield Studios

နှစ်ယောက်လုံးက ကိုယ့်ချစ်သူကို ပြန်ပြီး အချိန်ပေးဖို့ လိုအပ်ပါ။ ပျော်ရွှင်စရာအချိန်တွေ ဖန်တီးပြီး အတူတူကုန်ဆုံးပါ။ အချိန်မပေးနိုင်လို့၊ တွဲရတာ စိတ်ကုန်လာပြီး ပြတ်သွားကြတဲ့အတွဲတွေမှ တပုံကြီးဆိုတာ မမေ့ပါနဲ့နော်။ ဒါကြောင့် ဘယ်လောက်ပဲ အလုပ်များများ အချိန်လေးတော့ပေးနိုင်အောင် ကြိုးစားကြပါ။

ဂရုစိုက်ပါ

Source: Anne Cohen Writes

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူဆီက ဂရုစိုက်မှုကိုတော့ လိုချင်ကြတာချည်းပါပဲ့။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် သေးသေးလေးတွေကအစ အပြန်အလှန်ဂရုစိုက်ပေးပါ။ ကြင်နာပေးပါ။ ဒီလိုအမြဲ တစ်ယောက်နဲ့ တစ်ယောက် ဂရုစိုက်ကြင်နာရင် ကြည်နူးစရာကောင်းတဲ့ Relationship တစ်ခုဖြစ်လာမှာပါ။

အမှတ်တရလေးတွေ ဖန်တီးပေးပါ

Source: Freepik

အမှတ်တရတွေ များများဖန်တီးပေးပါ။ အမှတ်တရဆိုလို့ တန်ဖိုးကြီးလက်ဆောင်တွေပေးမှမဟုတ်ပါဘူးနော်။ ဘာမဟုတ်တဲ့အရာလေးတွေကို အမှတ်တမဲ့ပြုလုပ်ပေးတာကလည်း သူ့ကိုတန်ဖိုးထားတယ်ဆိုပြီး ကြည်နူးမှုကိုဖြစ်စေပါတယ်နော်။ ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေကို နှစ်ယောက်တူတူ ဖန်တီးကြပါ။ ပျော်စရာအမှတ်တရတွေများလေ မေ့ပစ်ဖို့ ခက်ခဲလေဖြစ်ပြီး တစ်ချိန်ကျရင်လည်း တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရလေးတွေအဖြစ် တသက်လုံးအတွက််ကျန်ရှိနေမှာပါနော်။ ဒါကြောင့် ပျော်စရာကောင်းတဲ့အမှတ်တရလေးတွေကို များများလုပ်ရင်း ကြည်နူးစရာကောင်းတဲ့အချိန်လေးတွေကို အတူတူဖြတ်သန်းကြပါနော်။