ယောက်ျားလေးတွေတော်တော်များများက သူတို့ကောင်မလေးတွေကို ဆံပင်ရှည်လေးထားပေးဖို့ အမြဲတမ်းတောင်းဆိုလေ့ရှိကြတယ်။ သူတို့က ပါးစပ်ကပြောရတာကလွယ်ပေမယ့် တကယ်ဆံပင်အရှည်တွေကို ပိုင်ဆိုင်ထားရတဲ့ မိန်းကလေးတွေမှာတော့ တစ်နေ့တစ်မျိုးမရိုးရတဲ့ အခက်အခဲလေးတွေနဲ့ ကြုံတွေ့နေရတတ်ပါတယ်။

ကြီးမားပြီးဖြေရှင်းလို့မရတဲ့ ပြဿနာမျိုးတွေမဟုတ်ပေမယ့် ဆံပင်ရှည်ထားဖူးတဲ့မိန်းကလေးတွေအတွက်တော့ ပြန်စဉ်းစားရင် အမှတ်တရတွေဖြစ်နေစေမှာပါ။

ဆံပင်တွေကနေရာတိုင်းမှာ

သတိထားမိမလားတော့မသိဘူး ဆံပင်ရှည်လေ ဆံပင်ပိုကျွတ်လေလို့ ခံစားလာရပါတယ်။ ခေါင်းဖီးလိုက်တာနဲ့ ဆံပင်တွေကကျွတ်ပြီး နေရာတိုင်းမှာ ဆံပင်တွေနဲ့ဆိုတော့ ခဏခဏသန့်ရှင်းရေးလုပ်နေရတော့တာပေါ့။

ခေါင်းလျှော်တဲ့အချိန်

ခေါင်းလျှော်တဲ့အချိန်တွေဆိုရင် ဆံပင်တွေကျွတ်လွန်းလို့ အိမ်မှာတောင် ခေါင်းမလျှော်ရဲတော့တဲ့ အခြေအနေမျိုးပဲ။ ခေါင်းလျှော်ပြီးသွားတဲ့အချိန်တွေမှာဆိုရင် ရေဆင်းပိုက်နားမှာ ဆံပင်တွေစုနေလို့ ရေတောင်ကောင်းကောင်းမဆင်းနိုင်တော့ဘူးလေ။

ရာသီဥတုပူတဲ့အချိန်

ရာသီဥတုပူတဲ့အချိန်တွေကတော့ ဆံပင်ရှည်တဲ့သူတွေအတွက် လုံးဝငရဲပဲလေ။ ဆံပင်ကရှည်ရှည်နဲ့ ရာသီဥတုကပူပြီး ချွေးတွေထွက်ဆိုတော့ တော်တော်တော့စိတ်ရှုပ်စရာကောင်းတဲ့ကိစ္စပေါ့။ ဒီလိုမျိုး ရာသီဥတုပူတဲ့နေ့တွေဆိုရင် ဆံပင်တွေကိစည်းပြီးတော့ ပဲလည်းများလို့မရတော့ဘူးလေ။

အချိန်တော်တော်ပေးရမယ်

ခေါင်းတစ်ခါတစ်ခါလေ ျှာ်ရင်လည်း အချိန်တော်တော်လေးပေးရတဲ့ ဒုက္ခကိုလည်းဆံပင်ရှည်တဲ့သူတွေပဲ နားလည်ပါတယ်။ ခေါင်းလေ ျှာ်ရင် တစ်ခါအချိန်ပေးရတယ်၊ ခေါင်းလေ ျှာ်ပြီးသွားရင်လည်း ရေခြောက်ဖို့အတွက် တော်တော်အချိန်ယူပြီးလုပ်ရတာဆိုတော့ ပင်လည်းပင်ပန်းတယ်၊ အချိန်လည်းကုန်တာပေါ့။

အစားအသောက်တွေစားတဲ့အချိန်

အစားအသောက်တွေစားတဲ့အချိန်ဆိုရင်လည်း လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးစားလို့မရပဲ ဆံပင်တွေပန်းကန်ထဲဝင်မှာတွေ၊ ဆံပင်ကိုစားစရာတွေပေသွားမှာတွေ စတာတွေကိုလိုက်ပူနေရပြီး ဆံပင်တွေကိုလည်း လက်နဲ့လိုက်ထိန်းနေရတာဆိုတော့ စားရတာပိုပြီးတော့အလုပ်ရှုပ်တာပေါ့။

အပြင်သွားတဲ့အချိန်

အပြင်သွားဖို့အတွက် အိမ်ကနေဆံပင်တွေကို သေချာဖီးပြီးပြင်ဆင်ထွက်လာပေမယ့်လည်း အပြင်ရောက်တဲ့အခါမှာတော့ တိုက်လာတဲ့လေတွေမှန်သမ ျှက ရန်သူတွေဖြစ်လာတော့တာပါပဲ။ ဘယ်လောက်ပဲသပ်ရပ်နေအောင် လုပ်ထားနေပါစေ အပြင်ရောက်သွားတဲ့အခါမှာတော့ ဘယ်တော့မှရှိုးထုတ်လို့ မရတော့ပါဘူး။

Photo Source: Shutterstock