ဂါဝန်ဝတ်ရတာကြိုက်တဲ့သူတွေအတွက် ရိုးရိုးလေးနဲ့ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းနေစေမယ့် ဂါဝန်ရှည်ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဂါဝန်ကြိုက်တဲ့သူတွေနဲ့ အတိုမဝတ်တဲ့သူတွေဆိုရင်တော့ သဘောကျမှာသေချာပါတယ်။

ဒီလိုဂါဝန်လေးတွေဆိုရင် ဝတ်ရတာပေါ့ပါးမှုရှိပြီး တည်ငြိမ်တဲ့ပုံစံလေးနဲ့ လှနေစေပါတယ်။ ဒေါက်ဖိနပ်လေးတွေစီးလိုက်ရင် ပိုပြီးလှသွားမှာပါ။

ဒီဂါဝန်မျိုးဆိုရင် ပွဲတိုးပြီး အရမ်းလှပါတယ်။ ရိုးရိုးလေးနဲ့ လှတဲ့ပုံစံမျိုးလေး ရစေပါတယ်။ အသက်အရွယ်တိုင်းနဲ့လည်း လိုက်ဖက်မှုရှိတဲ့ ဖက်ရှင်မျိုးဖြစ်ပါတယ်။

ခြေမျက်စိနားရောက်တဲ့ ဂါဝန်အရှည်ကြီးတွေဆိုရင် ခရီးသွားတဲ့အခါမျိုးမှာ မရှိမဖြစ်လိုအပ်ပါတယ်။ အရမ်းလှပြီး ဆွဲဆောင်မှုရှိစေတဲ့ ဖက်ရှင်မျိုးပါ။

ဂါဝန်ဝတ်ရတာကြိုက်ရင် ဂါဝန်အဖြူလေးတစ်ထည်တော့ ရှိထားသင့်ပါတယ်။ ဂါဝန်အဖြူလေးတွေက ဝတ်ရတာ အရမ်းကိုပေါ့ပါးပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့လည်း ချစ်ဖို့ကောင်းစေပါတယ်။

ဒီလိုပုံစံ ဂါဝန်အရှည်လေးဝတ်မယ်ဆိုရင် ရိုးရိုးဖိနပ်အပါးတွေ၊ ဒေါက်ဖိနပ်တွေစီးတာက ရိုးပါတယ်။ Boot အမဲလေးစီးပြီး ဝတ်ကြည့်ပါ။ ဖက်ရှင်တစ်မျိုးပြောင်းပြီး ချစ်ဖို့ကောင်းသွားစေပါတယ်။ ခရီးထွက်တဲ့အခါမျိုးမှာဆိုရင် ကွက်တိဖြစ်မယ့်ဖက်ရှင်လေးပါ။

ကြိုးတစ်လုံးဂါဝန်အရှည်လေးကို ဝတ်မယ်ဆိုရင် ဖက်ရှင် ၃ မျိုး လုပ်ဝတ်လို့ရပါတယ်။ ကြိုးတစ်လုံးအတိုင်းပဲ ဝတ်လို့ရသလို၊ အောက်မှာ လက်ရှည်အင်္ကျီလေးဝတ်ပြီးတော့မှ အပေါ်ကနေ ကြိုးတစ်လုံးဂါဝန် ထပ်ဝတ်လိုက်ရင် အရမ်းချစ်ဖို့ကောင်းသွားမှာပါ။

ကြိုးတစ်လုံးဂါဝန်အရှည်ကိုဝတ်ပြီး အပေါ်ထပ်လေး ထပ်ဝတ်လိုက်ရင်လည်း နောက်ထပ်ဖက်ရှင်တစ်မျိုး ရစေပါတယ်။

ဒီလိုလက်ရှည်ဂါဝန်ရှည်လေးတွေက ဝတ်လိုက်ရင် ကြော့ရှင်းပြီးလှသွားစေပါတယ်။ အသက် ၂၀ ကျော်၊ ၃၀ ကျော်တွေနဲ့ဆို အရမ်းလိုက်ဖက်ပါတယ်။

အေးတဲ့နေရာဒေသတွေကို သွားတဲ့အခါမှာ ကြိုးတစ်လုံးဂါဝန်အရှည်ကို အောက်ကနေ လည်ထောင်လက်ရှည် အင်္ကျီတွေနဲ့သာ တွဲဝတ်လိုက်ရင် အရမ်းချစ်ဖို့ကောင်းမှာပါ။

ပခုံးအကျဂါဝန်လေးတွေဆိုလည်း မိန်းကလေးဆန်ပြီး အရမ်းလှပါတယ်။

ဒီလိုအရောင်နုတဲ့ အပွင့်ဒီဇိုင်းဂါဝန်တွေဆိုရင် ရိုးရိုးလေးနဲ့ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ ထသွားထလာဝတ်ဖို့အတွက်လည်း အရမ်းအဆင်ပြေပါတယ်။

ဒီလိုဂါဝန်လေးတွေဆိုရင် ပူပြင်းတဲ့ရာသီဥတုနဲ့ အရမ်းအဆင်ပြေပါတယ်။ ဝတ်ရတာပေါ့ပါးမှုရှိပြီး ချစ်ဖို့လည်းကောင်းပါတယ်။

photo source:www.pinterest.com