သင့်ရည်းစားဟောင်းက သင့်ကိုမမေ့နိုင်သေးပဲ ပြန်တွဲချင်နေတယ်၊ သင့်ကိုချစ်နေသေးတယ်၊ စောင့်မျှော်နေသေးတယ်ဆိုတာ ဒီအချက် ၅ ချက်နဲ့တင် သိသာစေပါတယ်။
အချိန်တိုင်းသင်နဲ့စကားပြောဖို့ကြိုးစားနေမယ်
သင့်ကိုချစ်နေသေးတယ်၊ သင်နဲ့ပြန်တွဲချင်နေတယ်ဆိုရင် အချိန်တိုင်း စကားမရှိစကားရှာပြီး သင်နဲ့စကားပြောရဖို့ကို ကြိုးစားနေမှာပါ။ ခဏခဏလာပြီး စကားတွေပြောနေမှာပါ။ သင့်ကိုမချစ်တော့ပဲ မေ့သွားတဲ့သူဆိုရင် ထွေထွေထူးထူးပြန်ပြီး ဆက်သွယ်နေမှာမဟုတ်ပါဘူး။
အတိတ်ကိုသတိရအောင်သင့်ကိုလုပ်နေမယ်
သင့်ကိုစကားလာပြောတိုင်း၊ စကားစပ်မိတိုင်းမှာ အတိတ်က သင်တို့နှစ်ယောက်အကြောင်းတွေကို ပြန်အစဖော်ပြီး သင့်ကိုပြန်သတိရလာအောင် လုပ်နေပါလိမ့်မယ်။ အရင်က နှစ်ယောက်သားပျော်ခဲ့ရတာတွေကို အစဖော်ပြီး ခဏခဏလာပြန်ပြောနေပါလိမ့်မယ်။
သင့်ရဲ့လတ်တလောအချစ်ရေးကိုစုံစမ်းနေမယ်
သင်နဲ့ပြန်ပြီးတွဲချင်နေတာ၊ သင့်ကိုစောင့်မျှော်နေတာဖြစ်တဲ့အတွက် သင့်ရဲ့ လတ်တလောအချစ်ရေးကိုလည်း အမြဲစုံစမ်းနေတာမျိုး၊ သင့်ကိုလာမေးတာမျိုးတွေ ရှိလာပါလိမ့်မယ်။ သင့်အပေါ်စိတ်ပြတ်သွားနိုင်တဲ့ ရည်းစားဟောင်းဆိုရင်တော့ သင့်အချစ်ရေးတွေ၊ သင့်အကြောင်းတွေ ဘာကိုမှ စိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး။
သူနဲ့အတူအပြင်သွားဖို့ခေါ်မယ်
ပြတ်ပြီးသားရည်းစားဟောင်းက အပေါ်မှာပြောခဲ့တဲ့အချက်တွေကိုလုပ်ပြီး သူနဲ့အတူအပြင်သွားဖို့၊ မုန့်သွားစားဖို့တွေ သင့်ကိုခေါ်နေပြီဆိုရင် ပြန်အဆင်ပြေချင်နေတာပါ။ သင်နဲ့အရင်လိုပြန်ဖြစ်နိုင်ဖို့ကို ကြိုးစားနေတာဖြစ်ပါတယ်။
အရင်လိုပြန်ဖြစ်နိုင်မလားမေးမယ်
သူကြိုးစားခဲ့ပြီး နောက်ဆုံးမှာတော့ သင့်ကို အရင်လိုပြန်ဖြစ်နိုင်မလား၊ သူနဲ့ပြန်တွဲနိုင်မလားဆိုတဲ့ မေးခွန်းတွေမေးပြီး သင်နဲ့ပြန်အဆင်ပြေချင်ကြောင်းတွေ ပြောလာပါလိမ့်မယ်။ မှားခဲ့သူဆိုရင် ဒီနေရာမှာ အရင်ကအကြောင်းအရာတွေပြောပြီး သင့်ကိုတစ်ခါထဲတောင်းပန်ပါလိမ့်မယ်။ အဓိကကတော့ အပေါ်ကအချက်တွေလုပ်ပြီးရင် အရင်လိုပြန်တွဲဖို့ပြောလာမှာပါပဲ။




