အပြာရောင်က ပင်လယ်ကြီးနဲ့ ကောင်းကင်ပြာကို ရည်ညွှန်းပါတယ်။ လွတ်လပ်မှု၊ သစ္စာရှိမှုနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်းရဲ့ ကိုယ်စားပြုက အပြာရောင်ပါပဲ။ သင်က အပြာရောင် သဘောကျတယ်ဆိုရင် အပြာရောင်အင်္ကျီတွေ ဝတ်တဲ့အချိန် ကိုယ့်ကိုကိုယ် ကျေနပ်မှုရှိနေမှာပါ။ ဒီတစ်ခေါက်တော့ မိန်းကလေးတိုင်းနဲ့ လိုက်ဖက်တဲ့အပြာရောင်ဖက်ရှင်တွေနဲ့ အပြာရောင် ကြိုက်တဲ့သူတွေအကြောင်းကို ဖော်ပြလိုက်ပါတယ်။ ဒီအချက်တွေက အပြာရောင်ကြိုက်တဲ့သင်နဲ့ တိုက်ဆိုင်မှုရှိရဲ့လား ပြောပြခဲ့ပါဦး။

၁။ သင်က လူတွေကို အစပိုင်းမှာ မယုံရဲပေမယ့် ခင်သွားတဲ့နောက် ဒီလူအပေါ် အပြည့်အဝ ယုံတတ်ကြပါတယ်။ကိုယ့်ကို တခြားသူယုံဖို့လည်း အမြဲကြိုးစားနေသူဖြစ်ပါတယ်။

၂။ သင်က စကားကို လက်လွတ်စပယ် မပြောတတ်ပါဘူး။ အလုပ်လုပ်ရင်လည်း ဒီလိုပါပဲ။ သေချာစဉ်းစားပြီးမှပြောတတ်၊ လုပ်ကိုင်တတ်ပါတယ်။ သင့်ခံစားချက်တွေကိုလည်း ပြောသင့်တဲ့အချိန်မှ ပြောတတ်ပါတယ်။ကိုယ်လုပ်ခဲ့တာအတွက် အပြည့်အဝ တာဝန်ယူတတ်သူတွေ ဖြစ်ပါတယ်။

၃။ အပြာရောင်သင်္ကေတအရ သင်က တည်ငြိမ် ငြိမ်းချမ်းတဲ့ ဘဝကို လိုချင်ပါတယ်။ ဘဝကို အေးအေးဆေးဆေးဖြတ်သန်းသူဖြစ်ပါတယ်။

၄။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိကြပြီး ထိန်းချုပ်နိုင်သူတွေ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပုံစံအမှန်ကိုလွယ်လွယ်နဲ့ ချမပြတတ်ပါဘူး။

၅။ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်သူတွေ ဖြစ်ပေမယ့် ဒေါသထွက်တဲ့အချိန်မှာတော့ ကိုယ့်ခံစားချက်က အနိုင်ယူသွားတတ်ပြီး ထင်ရာစိုင်းတတ်ပါတယ်။

၆။ ကိုယ်ချစ်ရတဲ့ သူငယ်ချင်းမိသားစု အသိုက်အဝန်းလေးထဲမှာပဲ ပျော်နေတတ်ပြီး ချစ်ရသူတွေ ဘာလိုလဲ အမြဲကြည့်နေတတ်ပါတယ်။

၇။ သင်က အာရုံစိုက်ခံရတာကို မကြိုက်ဘဲ နောက်ကွယ် လူမသိတဲ့နေရာမှာ နေရခြင်းကို ပိုနှစ်သက်တတ်ပါတယ်။

၈။ သင်က ဝမ်းနည်းစရာ ဇာတ်လမ်းတွေကို ကြည့်ရင်း ငိုတတ်ပြီး စိတ်ထိခိုက်လွယ်ပါတယ်။

၉။ သူငယ်ချင်းတွေရဲ့ ယုံကြည်မှုကို ပိုင်ဆိုင်ထားပြီး ရိုးသားသူ ဖြစ်ပါတယ်။

၁၀။ သင်က လက်ရှိအချိန်နဲ့ အတိတ်ကို နှိုင်း

ယှဉ်တတ်သူဖြစ်ပါတယ်။

တခြား ကိုယ်သိချင်တဲ့ အရောင်ရှိရင်လည်း Comment ပေးခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar