အားလုံးပဲ မင်္ဂလာပါ။ Mnet က ပြုလုပ်ခဲ့တဲ့ Produce 48 အစီအစဥ်ကို ကြည့်ဖူးကြတဲ့ ပရိတ်သတ်တွေအနေနဲ့ နောက်ဆုံးအဖွဲ့ရလဒ်မှာ နံပါတ် ၂ နေရာကို ရယူနိုင်ခဲ့တဲ့ ဂျပန်မလေး ဆာကူရာကို သိကြမှာပါနော်။

သူမရဲ့ နာမည်အရင်းကတော့ Miyawaki Sakura လို့ ခေါ်ပေမယ့် သူမရဲ့ အနုပညာနာမည်ကတော့ Sakura ဖြစ်ပါတယ်။ သူမက ဂျပန်နိုင်ငံက အင်မတန်လူကြိုက်များကျော်ကြားလှတဲ့ HKT48 လို့ နာမည်ရတဲ့ အဆိုတော်အဖွဲ့ရဲ့ Member ဟောင်း တစ်ယောက်ပါ။

သူမကို ၁၉၉၈ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့မှာ Kagoshima City, ဂျပန်နိုင်ငံမှာ မွေးဖွားခဲ့တာဆိုတော့ အခုဆိုရင် အသက် ၂၃ ပြည့်သွားပါပြီ။ ကိုယ်အလေးချိန်ကတော့ ၁၀၁ ပေါင်၊ အရပ်အမြင့်ကတော့ ငါးပေလေးလက်မနဲ့ သွေးအမျိုးအစားက အေသွေးပိုင်ရှင်လေးဖြစ်ပါတယ်။

မိန်းမချောလေး ၁၂ ယောက်နဲ့ဖွဲ့စည်းခဲ့တဲ့ IZ*ONE အဖွဲ့နဲ့ ၂၀၁၈ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ကာ ၂၀၂၁ ခုနှစ်မှာတော့ အဖွဲ့စာချုပ်ကုန်ဆုံးသွားပြီမို့ ကိုယ့်လမ်းကြောင်းပေါ် ကိုယ်လျှောက်လှမ်းနေကြပါပြီနော်။

ဒါဆိုရင်တော့ အရုပ်မလေးအလား ချစ်စရာကောင်းလှတဲ့ ဆာကူရာရဲ့ ပေါ့ပါးလွတ်လပ်တဲ့ဖက်ရှင်လေးတွေကို အခုပဲအတူတူကြည့်လိုက်ရအောင်ပါ။

Image Source: Pinterest