အကြောပြတ်ရာတွေ မရှိချင်တဲ့သူများအတွက် ငွေအကုန်အကျနည်းပြီး အကြောပြတ်ရာတွေ သက်သာသွားစေမယ့် အိမ်တွင်းဖြစ်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
ကြက်ဥအကာ
ကြက်ဥတစ်လုံးကိုဖောက်ပြီး အနှစ်ကိုဖယ်ထုတ်ကာ အကာရည်ကိုပဲ ယူပါမယ်။ အဲ့ဒီအကာရည်ကို ခလောက်ပြီး အကြောပြတ်ရာရှိတဲ့နေရာပေါ်မှာ ဂွမ်းလုံးလေးနဲ့ယူလိမ်းပေးပါ။ တစ်နာရီခွဲလောက်ထားပြီးရင်တော့ ရေကြက်သီးနွေးနဲ့ ပြန်သန့်စင်လိုက်ရုံပါပဲ။
အာလူး
အာလူးကို တစ်လက်မစာအချပ်လေးတွေလှီးပြီး အကြောပြတ်ရာတွေပေါ် ပွတ်ပေးနေရုံပါပဲ။ တစ်နေ့ကို ၃ ကြိမ်လောက် လုပ်ပေးပါ။ နောက်တစ်နည်းအနေနဲ့ အာလူးကိုခြစ်ပြီး အရည်ရအောင် ညှစ်ချပါ။ ရလာတဲ့အရည်တွေကို ဂွမ်းလုံးနဲ့ယူပြီး အကြောပြတ်ရာတွေပေါ် ပွတ်လိမ်းပေးပါ။ တစ်နာရီခွဲလောက်ထားပြီးရင် ရေကြက်သီးနွေးနဲ့ သန့်စင်လိုက်ပါ။
သံပယိုရည်
သံပယိုသီးကို အရည်ညှစ်ချပြီး ရလာတဲ့သံပယိုရည်တွေကို ဂွမ်းလုံးနဲ့တို့ယူကာ အကြောပြတ်ရာတွေပေါ်မှာ ပွတ်လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီးရင်တော့ ရေဆေးချလိုက်ရုံပါပဲ။
သကြား
သကြားနဲ့ Almond oil ကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး အကြောပြတ်ရာတွေပေါ်မှာ Scrub လုပ်ပေးပါ။ Scrub လုပ်ပြီးရင် ခြောက်အောင်ထားပြီး ခြောက်ပြီဆိုမှ ရေကြက်သီးနွေးနဲ့ ပြန်သန့်စင်လိုက်ပါ။
Natural oils
Olive oil, Lavender oil, Rose oil, Chamomile oil, Almond oil စတဲ့ Natural oils တွေကိုလိမ်းပြီးတော့လည်း အကြောပြတ်ရာတွေ ပါးသွားအောင် လုပ်လို့ရပါတယ်။
Shea or Cocoa butter
Shea or Cocoa butter တွေက အသားအရေကို နူးညံ့ချောမွေ့စေပြီး အကြောပြတ်ရာတွေကို သက်သာစေပါတယ်။
ရှားစောင်းလက်ပတ်
အကြောပြတ်ရာတွေပေါ်မှာ ရှားစောင်းလက်ပတ်ကို ပွတ်လိမ်းပေးရင်လည်း အကြောပြတ်ရာတွေ သက်သာစေပါတယ်။
ရေ
တစ်နေ့ကို ရေ ၈ ခွက် အနည်းဆုံးသောက်ပေးရမှာပါ။ အဲ့ထက်ပိုပြီးသောက်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ရေများများသောက်ပေးခြင်းက အသားအရေစိုပြည်ပြီးလှစေသလို အကြောပြတ်ရာတွေကိုလည်း သက်သာစေပါတယ်။
 
											
				







 
				 
				 
				 
				 
				 
				 
				 
				 
				 
				 
				