နာမည်ကြီးမင်းသား K ဆိုတဲ့နာမည်နဲ့သူက သူ့ရဲ့ရည်းစားဟောင်းကို ကိုယ်ဝန်ရမှ ဖျက်ချခိုင်းခဲ့တယ်ဆိုတဲ့သတင်းတွေ မနေ့က ထွက်ပေါ်လာပေမယ့် သတင်းအမှားဖြစ်တယ်လို့သာ အားလုံးကယုံကြည်ခဲ့ကြတာပါ။ ဒါပေမယ့် October 20 ရက်နေ့ ဒီမနက်မှာတော့ K ဆိုတဲ့ နာမည်နဲ့သူက Kim Seon Ho ဖြစ်တာမှန်ကန်ကြောင်း ကာယံကံရှင်ဖြစ်တဲ့ Kim Seon Ho နဲ့ သူ့ရဲ့အေဂျင်စီကနေ Statement ထုတ်ပြီး အတည်ပြုပေးလိုက်ပါပြီ။

Kim Seon Ho ရဲ့ Statement မှာတော့ “ဒီမိန်းကလေးနဲ့တွေ့ခဲ့ပြီး ကျွန်တော့်ရဲ့ မဆင်မခြင်မှုတွေကြောင့် သူမကို ထိခိုက်နာကျင်စေခဲ့ပါတယ်။ လူချင်းတွေ့ပြီးတောင်းပန်ချင်ပေမယ့် အခုအချိန်မှာတော့ အဆင်မပြေသေးတာကြောင့် အချိန်တစ်ခုကိုစောင့်နေပါတယ်။

အားလုံးက ကျွန်တော့်ဘက်ကနေရပ်တည်ပြီး ချစ်ပေးခဲ့ကြလို့ ဒီနေရာအထိ ရောက်လာခဲ့ရတာပါ။ ကျွန်တော့်အပေါ် ယုံကြည်ပြီးအားပေးခဲ့တဲ့ ပရိတ်သတ်တွေအပေါ် စိတ်ပျက်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့ ချို့ယွင်းချက်တွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့သူတွေ၊ အလုပ်အတူတူလုပ်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေ အားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော့်ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့သူတွေ အားလုံးကိုလည်း တောင်းပန်ပါတယ်။ ကျွန်တော်ရေးတဲ့ဒီစာက ဖတ်ရတဲ့သူတွေရဲ့ နှလုံးသားထဲအထိ အပြည့်အဝ မရောက်နိုင်ဘူးဆိုတာကို သိပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ စစ်မှန်တဲ့ခံစားချက်တွေကို ဒီနေရာကနေပဲဖော်ပြပြီး အားလုံးကို တောင်းပန်ပါတယ်” ဆိုပြီး ရေးသားခဲ့ပါတယ်။

Kim Seon Ho ရဲ့ အေဂျင်စီဖြစ်တဲ့ SALT Entertainment ကတော့ Kim Seon Ho ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ပတ်သက်ပြီး အားလုံးကိုစိတ်ပူစေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ဒီကိစ္စကြောင့် စိတ်ထိခိုက်နစ်နာခဲ့ရတဲ့သူတွေ အားလုံးကိုလည်း တောင်းပန်ပါတယ်။ ဒီကိစ္စကြောင့် စိတ်ပူခဲ့ရတဲ့သူတွေ အားလုံးကိုလည်း နောက်ထပ်တစ်ကြိမ် ထပ်ပြီးတောင်းပန်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ဒီသတင်းတွေတက်လာပြီး နောက်ပိုင်းမှာတော့ “2 Days and 1 Night” ဆိုတဲ့ အစီအစဉ်ကနေလည်း Kim Seon Ho ထွက်လိုက်ပြီဖြစ်ကြောင်း အတည်ပြုလိုက်ပါပြီ။ နောက်ထပ်လည်း သူရိုက်ကူးဖို့ရှိတဲ့ ရုပ်ရှင် ၃ ကားရှိတာကြောင့် ဒီရုပ်ရှင်တွေရော ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်ရမှာပါပဲ။

source:www.koreaboo.com