မျက်နှာအသားအရေလေး glow နေတာမျိုးကို လိုချင်တဲ့သူတွေအတွက် သဘာဝအတိုင်း glowing skin ရလာစေဖို့ ရှားစောင်းလက်ပတ်နဲ့ မျက်နှာပေါင်းတင်နိုင်မယ့် နည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ရှားစောင်းလက်ပတ်နဲ့ Rose water

ရှားစောင်းလက်ပတ် အတွင်းသားဂျယ်လ်ကို စားပွဲတင်ဇွန်း ၁ ဇွန်းစာ ခြစ်ထုတ်ပြီး ပန်းကန်ထဲထည့်ပါ။ ပြီးရင်တော့ rose water – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ခလောက်ပြီးရောမွှေပေးပါ။ ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင်တော့ မျက်နှာတစ်ပြင်လုံး မျက်လုံးနေရာကိုရှောင်ပြီး လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးရင်တော့ မျက်နှာသစ်ပြီး skincare ပြန်လိမ်းရုံပါပဲ။

ရှားစောင်းလက်ပတ်နဲ့ပျားရည်

Dehydrated skin တွေအနေနဲ့ glow ချင်တယ်ဆိုရင် ဒီနည်းလမ်းကိုသာလုပ်ကြည့်ပါ။ ရှားစောင်းလက်ပတ် အတွင်သားဂျယ်လ်ကို စားပွဲတင်ဇွန်း ၂ ဇွန်းစာ ခြစ်ထုတ်ပြီး ပန်းကန်ထဲထည့်ပါ။ ပြီးရင်တော့ ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ငှက်ပျောသီးအမှည့် အလုံးသေး တစ်လုံးကို ချေထည့်ပါ။ ၃ မျိုးလုံးကို ပျစ်ပျစ်လေးဖြစ်အောင် သေချာမွှေပြီးရင်တော့ မျက်နှာမှာလိမ်းထားပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင် မျက်နှာသစ်ပြီး skincare ပြန်လိမ်းပေးပါ။

ရှားစောင်းလက်ပတ်နဲ့သံပယိုရည်

ရှားစောင်းလက်ပတ် အတွင်သားဂျယ်လ်ကို စားပွဲတင်ဇွန်း ၂ ဇွန်းစာ ခြစ်ယူပြီး ပန်းကန်ထဲထည့်ပါ။ ပြီးရင်တော့ သံပယိုရည် – ၆ စက်လောက်ညှစ်ချပြီး မွှေပေးပါ။ မွှေပြီးရင် မျက်နှာမှာလိမ်းထားပြီး ၂၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ပြီး skincare ပြန်လိမ်းပေးပါ။

ရှားစောင်းလက်ပတ်နဲ့ Tee Tree Oil

အဆီပြန်၊ ဝက်ခြံသမားတွေ လုပ်လို့ရတဲ့ နည်းလမ်းဖြစ်ပါတယ်။ ရှားစောင်းလက်ပတ် အတွင်သားဂျယ်လ်ကို စားပွဲတင်ဇွန်း ၂ ဇွန်းစာ ခြစ်ယူပြီး ပန်းကန်ထဲထည့်ပါ။ ပြီးရင်တော့ ရေ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ Tea Tree Oil – ၃ စက်ထည့်ပြီး မွှေပေးပါ။ မွှေပြီးရင် မျက်နှာမှာလိမ်းထားပြီး ၁ နာရီလောက်ထားပေးပြီး မျက်နှာသစ်လို့လည်းရသလို၊ ညဘက်လိမ်းအိပ်ပြီး မနက်မိုးလင်းမှ မျက်နှာသစ်လို့လည်း ရပါတယ်။

ရှားစောင်းလက်ပတ်နဲ့ Vitamin E

ရှားစောင်းလက်ပတ် အတွင်သားဂျယ်လ်ကို စားပွဲတင်ဇွန်း ၂ ဇွန်းစာ ခြစ်ယူပြီး ပန်းကန်ထဲထည့်ပါ။ Vitamin E capsule တစ်လုံးကိုလည်း ဖောက်ထည့်ပြီး မွှေလိုက်ပါ။ ပြီးရင်တော့ မျက်နှာမှာလိမ်းပေးပြီး ခြောက်သွားတဲ့အထိ ထားပေးပါ။ ခြောက်သွားပြီဆိုမှ ရေခဲရေနဲ့ မျက်နှာသစ်ပေးပါ။ ပြီးရင်တော့ skincare ပြန်လိမ်းပေးရုံပါပဲ။