မိန်းကလေးတွေအတွက် အသက်အရွယ်တိုင်းနဲ့လိုက်ဖက်ပြီး ရိုးရိုးရှင်းရှင်းလေးနဲ့လှတဲ့ makeup look ပြင်နည်းကို မျှဝေပေးချင်ပါတယ်။ ဒီ makeup look လေးက ပြင်ဆင်ရတာလည်း လွယ်ကူတဲ့အပြင် ဆယ်ကျော်သက်အရွယ်ကစလို့ သက်ကြီးပိုင်းအရွယ်ထိကို ပြင်လို့ရတဲ့ makeup look မျိုး ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ လိုအပ်တဲ့ skincare steps, sunscreen, primer လိမ်းပြီးရင် concealer ကို ပုံမှာလိမ်းပြထားတဲ့ နေရာလေးတွေမှာ လိမ်းပေးပါ။ ဒါမှ အသားအရောင်ညီပြီး လှနေမှာပါ။ ကိုယ်ဖုံးချင်တဲ့ အမဲစက်နဲ့ အမာရွတ်ရှိတဲ့နေရာ၊ ဝက်ခြံရှိတဲ့နေရာတွေကိုလည်း concealer သုံးလို့ရပါတယ်။

အခုနောက်ပိုင်းမှာခေတ်စားနေတဲ့ eyebrow balm ကိုသုံးပြီး မျက်ခုံးမွှေးကို သေချာဖြီးပေးပါ။ ဖြီးပြီးရင် လိုအပ်တဲ့နေရာတွေမှာ eyebrow pencil နဲ့ လိုက်ဆွဲပြီး ဖြည့်ပေးပါ။ မျက်ခုံးမွှေးကို ဒီနည်းလမ်းနဲ့ဆွဲပေးတာက သဘာဝဆန်ပြီး ပိုလှပါတယ်။

ခုနကလိမ်းထားတဲ့ concealer တွေကို သေချာဖြန့်လိမ်းပေးပါ။ ကျွမ်းကျင်တဲ့သူဆိုရင်တော့ လက်ချောင်းလေးတွေနဲ့ပဲ သေချာသိပ်သိပ်လေးဖြစ်အောင် လိမ်းလို့ရပါတယ်။ သိပ်မကျွမ်းရင်တော့ makeup sponge နဲ့ လိမ်းပေးပါ။ ဒါမှ ကွက်တာ၊ မညီတာမျိုး မဖြစ်ပဲ သိပ်သိပ်ညက်ညက်လေး ဖြစ်နေမှာပါ။

Blusher ကို ပန်းရောင်ပြေးတဲ့အရောင်လေးတွေ၊ peach ဘက်သွားတဲ့အရောင်လေးတွေ သုံးပေးပါ။ သုံးတဲ့အခါမှာလည်း powder type ထက်စာရင် cream type, liquid type လေးတွေက ပိုပြီးသဘာဝဆန်ဆန်နဲ့ လှစေပါတယ်။ အသားနဲ့တစ်ပြေးထဲ ဖြစ်နေစေပါတယ်။

Loose powder စလိမ်းပါမယ်။ လိမ်းတဲ့အခါမှာ brush နဲ့ယူပြီး လိမ်းပေးတာက မိတ်ကပ်သားပိုလှပါတယ်။ အများကြီးလိမ်းပေးစရာ မလိုပါဘူး။

အလွယ်ကူဆုံးနည်းလမ်းနဲ့ natural ဆန်တဲ့ makeup look လေးဖြစ်လို့ eyeshadow မသုံးတော့ပဲ နှုတ်ခမ်းနီနဲ့ပဲ eyeshadow ခြယ်ထားပါတယ်။ ပန်းရောင်ဘက်သွားတဲ့အရောင်၊ peach ဘက်သွားတဲ့အရောင်လေးတွေကို သုံးပေးရင် ပိုလှပါတယ်။ အရောင်ကို ဖျော့ဖျော့လေးပဲ ခြယ်ပေးပါ။

Mascara နဲ့ မျက်တောင်ကော့ပေးပါ။ သဘာဝဆန်ပြီး ရိုးရိုးရှင်းရှင်းလေးနဲ့လှတဲ့ makeup look ကိုပြင်တာဖြစ်လို့ eyeliner မဆွဲထားပါဘူး။ eyeliner ဆွဲမှကြိုက်တာဆိုရင်တော့ မျှင်မျှင်လေးပဲဆွဲပေးပါ။

နောက်ဆုံးမှာတော့ နှုတ်ခမ်းနီဆိုးပါမယ်။ နှုတ်ခမ်းနီကို အညိုအဖျော့ဘက်သွားတဲ့ lip gloss လေးဆိုးပေးရင် ပိုလှပါတယ်။ အသက်အရွယ်တိုင်းနဲ့လည်း လိုက်ဖက်ပြီး အဆင်ပြေပါတယ်။

ဒါဆိုရင်တော့ အသက်အရွယ်တိုင်းနဲ့လိုက်ဖက်ပြီး ရိုးရိုးရှင်းရှင်းလေးနဲ့လှတဲ့ makeup look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။

Source:www. diannemaniago