ဝိတ်ကျဖို့ဆိုတာက ခန္ဓာကိုယ်မှာရှိနေတဲ့ကယ်လိုရီတွေ လောင်ကျွမ်းသွားဖို့ အဓိကပါပဲ။ အဆီတွေကျဖို့ဆိုတာလည်း ဒီလိုပါပဲ။ အစားအသောက်နဲ့ဝိတ်ချမယ်ဆိုရင်တောင် ကြာပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ကယ်လိုရီတွေကို အမြန်ဆုံးလောင်ကျွမ်းသွားစေမယ့် လေ့ကျင့်ခန်းတွေကို ပြောပြပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေလုပ်မယ်ဆိုရင်တော့ အချိန်တိုအတွင်းမှာ ကယ်လိုရီတွေအမြန်ဆုံး လောင်ကျွမ်းသွားစေမှာပါ။

စက်ဘီးစီးခြင်း

စက်ဘီးစီးခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီတွေ လောင်ကျွမ်းသွားစေဖို့ အရမ်းအထောက်အကူပြုပါတယ်။ စီးတဲ့အခါမှာလည်း ပြေးနေသလို မြန်မြန်လေးနင်းပြီး စီးပေးဖို့လိုပါတယ်။ မနက်စောစောထစီးရင် ပိုကောင်းပါတယ်။

ရေကူးခြင်း

ရေကူးခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီတွေကို မြန်မြန်လောင်ကျွမ်းစေပြီး ဝိတ်ကျစေပါတယ်။ ကိုယ်ရေစစ်ပြီး အမောလည်း ခံနိုင်ပါတယ်။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုလို့ ရေကူးပေးသင့်ပါတယ်။

ကြိုးခုန်ခြင်း

ကြိုးခုန်ခြင်းက ကယ်လိုရီတွေကို အမြန်ဆုံးလောင်ကျွမ်းစေပါတယ်။ တစ်နာရီကြိုးခုန်ရင် ကယ်လိုရီ ၁၀၀၀ လောင်ကျွမ်းစေပါတယ်။ တစ်နာရီကြိုးခုန်ခြင်းက အကြိမ် ၄၀၀ ရေကူးတာနဲ့ ညီမျှပါတယ်။ ဒါကြောင့် ကြိုးခုန်ပေးဖို့ တိုက်တွန်းပါတယ်။

လှေလှော်ခြင်း

လှေလှော်ခြင်းကလည်း အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီတွေကို လျော့ကျသွားစေဖို့ အရမ်းအထောက်အကူပြုပါတယ်။ မကြာခဏလုပ်ပေးနိုင်ရင်တော့ ကယ်လိုရီမြန်မြန်လောင်ကျွမ်းစေတာပေါ့။

ကခုန်ခြင်း

ကခုန်ပေးခြင်းကလည်း ခန္ဓာကိုယ်မှာရှိတဲ့ကယ်လိုရီတွေ အမြန်လောင်ကျွမ်းသွားစေဖို့ အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။

လက်ဝှေ့ထိုးခြင်း

လက်ဝှေ့ထိုးတာကလည်း ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ လက်ဝှေ့လိုပဲ ကရာတေးနဲ့ ဂျူဒိုဆော့တာကလည်း ကယ်လိုရီတွေကို အမြန်ဆုံးလောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းတွေပါ။

Photo Source: www.womensok.com