ပျိုမေတို့အလှပြင်တဲ့အခါမှာ သုံးနေတဲ့ Beauty Sponge လေးတွေက မကြာခဏဆိုသလို သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါမှာ မိတ်ကပ်ကိုသပ်သပ်ရပ်ရပ်လိမ်းနိုင်ဖို့ ကူညီပေးပြီး မိတ်ကပ်သားကိုလည်း ညက်ညက်လေးဖြစ်စေတာပေါ့။ ပျိုမေတို့လည်း သိထားပြီးသားဖြစ်မှာပါနော် မိတ်ကပ်လိမ်းတဲ့အခါမှာ အသုံးပြုတဲ့ပစ္စည်းတွေက သန့်ရှင်းနေဖို့က အရမ်းကိုအရေးကြီးပါတယ်။

မသန့်ရှင်းတာတွေနဲ့ သုံးမိနေမယ်ဆိုရင် မျက်နှာမှာဝက်ခြံတွေကို ဖြစ်လာစေမှာပါ။ ဒီတော့ ပျိုမေတို့သုံးနေကြဖြစ်တဲ့ ဒီ Sponge လေးကို သန့်ရှင်းရေးလုပ်လို့ရမယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်မယ်နော်။

ခေါင်းလျှော်ရည်

ခေါင်းလျှော်ရည်နဲ့ ဆေးကြောရမယ်ဆိုလို့ အံ့သြသွားလား။ ဒါက ကုန်ကျစရိတ်သက်သာပြီး ထိရောက်ကောင်းမွန်တဲ့နည်းလမ်းလေးပါ။ ခေါင်းလျှော်ရည်မှာပါဝင်နေတဲ့ အရာတွေက Sponge ကိုလည်း ကောင်းကောင်းသန့်ရှင်းသွားစေနိုင်ပါတယ်။

ကလေးဆပ်ပြာ

ကလေးဆပ်ပြာတွေမှာက ဓာတုဗေဒပစ္စည်းတွေ ပါဝင်မှုနည်းပါးတာကြောင့် မိတ်ကပ်ပစ္စည်းတွေကို သန့်ရှင်းဖို့အတွက်ဆိုရင် အကောင်းမွန်ဆုံးဖြစ်မှာပါ။ သေသေချာချာလည်း သန့်စင်ပေးနိုင်တဲ့အပြင် အန္တရာယ်လည်း သိပ်မရှိတော့ မျက်နှာအသားအရေအတွက်လည်း စိတ်ချရတာပေါ့။

မိတ်ကပ်ဖျက်ဆေးရည်

မိတ်ကပ်ဖျက်ဆေးရည်ထဲကို နစ်ပြီးတော့ ဆေးကြောလို့လည်း အဆင်ပြေပါတယ်။ မိတ်ကပ်ဖျက်ဆေးရည်က Sponge မှာရှိနေတဲ့ မိတ်ကပ်အကြွင်းကျန်တွေကို သေချာသန့်စင်ပေးနိုင်တာကြောင့် သုံးရတာလည်း အဆင်ပြေပြီးလွယ်ကူစေမှာပါ။

အခုကတော့ မိတ်ကပ်လိမ်းရာမှာအသုံးပြုတဲ့ မိတ်ကပ် Sponge သန့်စင်တဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးထားတာပဲဖြစ်ပါတယ်။ ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး မိတ်ကပ် Sponge လေးကို မကြာခဏသန့်ရှင်းရေးလုပ်ပေးဖို့လည်း မမေ့နဲ့နော်။ ဒါမှ လှပပြီး အပြစ်နာဆာမရှိလှပတဲ့ မျက်နှာအသားအရေလေးကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

Photo Source: Pinterest

Featured Image Source: FashionLady