အလုပ်ခွင်မှာ မွန်းကျပ်သမျှက ကိုယ်စားချင်တာလေး စားလိုက်တဲ့အချိန် ခဏတဖြုတ် သက်သာသွားတတ်ပါတယ်။ အလုပ်များတဲ့ မိန်းကလေးအများစုရဲ့ စိတ်ထွက်ပေါက်က အစားအသောက် ဖြစ်နေတတ်ပါတယ်။မိန်းကလေးတိုင်း စားရသောက်ရတာကို ခုံမင်တတ်ပါတယ်။ ဒါကြောင့် တချို့တွေ ငါရှာသမျှက စားဖို့ဆိုတဲ့ရည်ရွယ်ချက် ရှိကိုရှိတတ်ကြပါတယ်။

ဒီတစ်ခေါက်မှာတော့ သင်နှစ်သက်တဲ့ အစားအသောက်နဲ့ အတူ ပို့စ်ပေးနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပါရစေ။
အစားအသောက်ကိုပဲ ပြုံးပြုံးကြီးကြည့်နေမယ်။

ဒီပို့စ်က ကင်မရာကို မကြည့်ရဲတဲ့ မိန်းကလေးတွေနဲ့ သင့်တော်ပါတယ်။ သင့်ရဲ့ မျက်တောင်က ကော့ကော့လေးဆိုရင် ဓာတ်ပုံထဲ ပိုပေါ်နေမှာပါပဲ။

စားကြပါဦး

ဒီပို့စ်က ဓာတ်ပုံတင်တဲ့အချိန် လွယ်ကူတဲ့ Caption ရစေပါတယ်။
အစားအသောက်နဲ့ မျက်နှာကို ကွယ်မယ်

မျက်နှာကို သိပ်မပြချင်တဲ့ မိန်းကလေးတွေက အစားအသောက် လှလှလေးတွေနဲ့ ကိုယ့်မျက်နှာကို ကွယ်နိုင်ပါတယ်။ အရောင်တောက်ပတဲ့ အစားအသောက်တွေက ဒီပို့စ် ရည်ရွယ်ချက်နဲ့ သင့်တော်ပါတယ်။
အရသာ မြည်းနေတဲ့ ပို့စ်လေး


ကိုယ်တကယ်သဘောကျတဲ့ အစားအသောက်ကို မြည်းလိုက်တာနဲ့ မျက်နှာလေးက အလိုလို ပြုံးလာတတ်ပါတယ်။ သင်က ဒီအပြုံးလေးကို ဒီပို့စ်ထဲ အသုံးချရမှာပါ။
အားရပါးရ စားနေတဲ့ ပုံစံလေး

သင်က စားရတာ ကြိုက်ကြောင်း ဒီပို့စ်တွေနဲ့ သက်သေပြနိုင်ပါတယ်။
Cute Pose လေး


ချစ်စရာ ပို့စ်လေးက လုပ်ရတာ ခက်ပေမယ့် သင့်ကို ချစ်စရာအကောင်းဆုံး ပုံစံကို ရစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar