ခါးသေးပေမယ့် ပိန်တာကြောင့် ခန္ဓာကိုယ် တစ်ဖြောင့်တည်းသွားတဲ့အခါ ဒီအရာက မကျေမနပ် ဖြစ်စရာပါပဲ။ မိန်းကလေးတိုင်းလိုလို ခါးသေးပြီး တင်ဘေး အသင့်အတင့်ကားတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒီလိုမှ စကပ်တိုလေးတွေ၊ မြန်မာအင်္ကျီဝတ်တဲ့အခါ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိနေမှာပါ။ ပိန်တဲ့အခါ ခန္ဓာကိုယ်က ရှိသင့်တဲ့နေရာတွေပါ ဘာမှ မကျန်တော့တာ သဘာဝ ပါပဲ။ သင်က ဒီအရာကို ကျန်းမာတဲ့စားသောက်မှုပုံစံနဲ့အတူ လေ့ကျင့်ခန်းတွဲလုပ်ပြီး ပြောင်းလဲနိုင်ပါတယ်။ ဒီတော့ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေကို ကြည့်လိုက်ရအောင်နော်-
၁။ Hip Twist
Photo Source: Tenor
ဒီလေ့ကျင့်ခန်းက ဗိုက်အဆီကျတဲ့အပြင် ခန္ဓာကိုယ်ကို လှိမ်ရတာမို့ တင်ဘေးကြွက်သားတွေပါ အားကောင်းလာစေပါလိမ့်မယ်။ Plank ထောက်တဲ့ပုံစံ တံတောင်နဲ့ ထောက်ပြီး ဗိုက်ကြွက်သားနဲ့ တင်ဘေးကို အားပြုကာ ဘယ်ညာ လှိမ်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကို ၅၀ စက္ကန့်စာ သုံးကြိမ် လုပ်ပေးရပါမယ်။
၂။ Spider Knee
Photo Source: Pinterest
လက်ထောက်ပြီး ခန္ဓာကိုယ်ကို တစ်တန်းတည်းထားကာ ညာခြေထောက်ကို ရင်ဘတ်ထိတဲ့အထိ ကွေးပေးရပါမယ်။ ဘယ်ဘက်ကိုလည်း ဒီလိုပဲ လုပ်ပေးရပါမယ်။ ဒါကိုလည်း ၅၀ စက္ကန့်ဆီ သုံးခါ လုပ်ပေးရပါမယ်။
၃။ Single Leg Hip Thrust
Photo Source: Gfycat
ဒီလေ့ကျင့်ခန်းက တင်သားထွက်စေမယ့် လေ့ကျင့်ခန်းပါ။ အိပ်လျက်နဲ့ ညာခြေထောက်ကို ဒူးကွေးထားကာ ကျန်တစ်ဘက်ကို အပေါ်ဘက် ဆန့်ပြီး ခန္ဓာကိုယ်ကို မ တင်ပေးရပါမယ်။ ဒါကို တစ်ဘက်ဆီ ၅၀ စက္ကန့်နဲ့ သုံးခါ လုပ်ရပါမယ်။
၄။ Leg Drop
Photo Source: Pinterest
Leg Drop လေ့ကျင့်ခန်းကတော့ ဗိုက်သားအဆီကျစေမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ အိပ်လျက်အနေအထားနဲ့ လက်ကို ခါးအောက် ထားပေးရပါမယ်။ ခြေထောက်ကို ဆန့်ထားကာ ဒီခြေထောက်ကို အပေါ် မြှောက်ပေးရပါမယ်။ ဒါကိုလည်း စက္ကန့် ၅၀ စာ သုံးကြိမ်လုပ်ရပါမယ်။
By MyStyle Myanmar