တချို့အရာတွေက တစ်ယောက်ထဲလုပ်တာထက်စာရင်၊ သိပ်မရင်းနှီးတဲ့သူတွေနဲ့ လုပ်ရတာထက်စာရင် ကိုယ်ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ တူတူလုပ်ရတာက အရမ်းပျော်စရာကောင်းပါတယ်။ ပိုပြီး active ဖြစ်စေပါတယ်။ ဒါကြောင့် bff တွေနဲ့၊ ကိုယ်ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ အတူတူလုပ်ရရင် ပိုပြီးပျော်စရာကောင်းစေမယ့် အရာ ၅ ခုကို မျှဝေပေးလိုက်ပါတယ်။ ဒီ ၅ ခုထဲမှာမှ မလုပ်ရသေးတာတွေပါနေရင်လည်း တစ်ခါလောက်တော့ လုပ်ကြည့်ပြီး ပျော်ရွှင်မှုကို ခံစားသင့်ပါတယ်။
Festival ပွဲတူတူသွားခြင်း
သူငယ်ချင်းတွေနဲ့ festival ပွဲသွားရတဲ့ အရသာက ဘာနဲ့မှမတူပါဘူး။ အရမ်းမိုက်ပါတယ်။ စိတ်လွတ်ကိုယ်လွတ် ပျော်ပစ်လို့ရပါတယ်။ အမှတ်တရတွေလည်း ဖြစ်နေစေပါတယ်။
Gym တူတူဆော့ခြင်း
တစ်ယောက်ထဲ gym ဆော့ရင် ပျင်းနေတာနဲ့ မသွားချင်တာနဲ့ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် တစ်ယောက်ထဲဆော့မယ့်အစား သူငယ်ချင်းနဲ့တူတူ gym ဆော့ကြည့်ပါ။ ပျော်စရာကောင်းပြီး တက်ကြွမှုလည်း ပိုဖြစ်လာစေပါတယ်။
ခရီးတူတူသွားခြင်း
သူငယ်ချင်းတွေနဲ့ ခရီးမသွားဖူးသေးရင် မဖြစ်မနေ သွားကြည့်သင့်ပါတယ်။ သူငယ်ချင်းတွေချည်းပဲ ခရီးသွားရတဲ့အရသာက ဘာနဲ့မတူအောင်ကို ပျော်စရာကောင်းပါတယ်။ အမြဲတမ်းအမှတ်ရနေစေမယ့် အမှတ်တရလည်း ဖြစ်စေပါတယ်။ တစ်ခါသွားဖူးပြီးရင် နောက်လည်းထပ်သွားချင်လာပါလိမ့်မယ်။
သင်တန်းတူတူတက်ခြင်း
သင်တန်းကို တစ်ယောက်ထဲတက်ရင် ပျင်းစရာကောင်းတာမျိုး၊ စစချင်းတွေမှာ အဖော်မရှိသလိုဖြစ်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ သူငယ်ချင်းနဲ့ တူတူဝါသနာပါတာမျိုးကို တက်မယ်ဆိုရင်တော့ အဖော်လည်းရှိပြီး ပျော်စရာလည်းကောင်းမယ်။ တူတူတိုင်ပင်ပြီး စာတွေလုပ်လို့လည်းရတော့ အရမ်းကောင်းပါတယ်။
သောက်စားပျော်ပါးခြင်း
သူငယ်ချင်းတွေနဲ့ အမြဲတမ်းမဟုတ်တောင်မှ နှစ်ပတ်တစ်ခါ၊ တစ်လတစ်ခါလောက် တွေ့ကြပြီး လျှောက်သွားကြတာမျိုး၊ သောက်စားပျော်ပါးကြတာမျိုး၊ ဓာတ်ပုံရိုက်ကြတာမျိုး၊ ပါတီလုပ်ကြတာမျိုးတွေ လုပ်ကြည့်ပါ။ အရမ်းပျော်စရာကောင်းလွန်းလို့ စိတ်ညစ်စရာတွေကိုတောင် မေ့သွားပါလိမ့်မယ်။