ဝိတ်ကျချင်ပေမယ့် workout လည်းသေချာမလုပ်နိုင်ဘူး၊ အရမ်းအပင်ပန်းလည်းမခံနိုင်ဘူး ဆိုတဲ့သူတွေအတွက် ဝိတ်အမြန်ကျစေဖို့ကူညီပေးမယ့် အလွယ်ကူဆုံး ယောဂကျင့်စဉ် ၄ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Chair Pose

ခန္ဓာကိုယ်ကို balance ဖြစ်အောင်လုပ်ပေးပြီး ဝိတ်မြန်မြန်ကျစေဖို့ ကူညီပေးတဲ့ ယေဂကျင့်စဉ်ပါ။

လုပ်ရမယ့်ပုံစံကတော့ ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကို နည်းနည်းကွေးပြီး ထိုင်ခုံမှာထိုင်တော့မယ့် ပုံစံမျိုး လုပ်ပေးရမှာပါ။ လက်နှစ်ဖက်ကိုလည်း အပေါ်ကိုမြှောက်ထားရပါမယ်။ အဲ့အတိုင်း စက္ကန့် ၃၀ ကနေ စက္ကန့် ၆၀ အထိ နေပေးရပါမယ်။ အချိန်ပြည့်ရင် နောက်ထပ် ၂ ကြော့ ထပ်လုပ်ပေးပါ။

Half Spinal Twist Pose

အစာခြေစနစ်ကောင်းမွန်စေပြီး အဆုတ်အားပိုကောင်းစေပါတယ်။ အဆီကျစေပြီး ဝိတ်မြန်မြန်ကျအောင်ကူညီပေးမယ့် ယောဂကျင့်စဉ်ဖြစ်ပါတယ်။
လုပ်ရမယ့်ပုံစံကလည်း အရမ်းလွယ်ပါတယ်။ ပုံမှာပြထားတဲ့ half spinal twist pose အတိုင်း စက္ကန့် ၆၀ နေပေးရုံပါပဲ။ ခုနကလိုပဲ အချိန်ပြည့်ရင် နောက်ထပ် ၂ ကြော့ ထပ်လုပ်ပေးရပါမယ်။

Bridge Pose

ဝိတ်ကျစေဖို့အတွက်လည်း ကူညီပေးတဲ့ ယောဂကျင့်စဉ်ဖြစ်ပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။ အစာခြေစနစ်ကောင်းမွန်စေပြီး နှာပိတ်တာကိုသက်သာစေပါတယ်။ အညောင်းညာပြေပြီး relax ဖြစ်စေပါတယ်။

လုပ်ရမယ့်ပုံစံကတော့ ပုံမှာပြထားတဲ့ bridge pose အတိုင်း ခေါင်းနဲ့ကြမ်းကိုထိ၊ ခြေဖဝါးနှစ်ဖက်နဲ့ ကြမ်းကိုထိထားပြီး လက်နှစ်ဖက်ကလည်း ကြမ်းမှာကပ်ထားရပါမယ်။ ခန္ဓာကိုယ်ကိုတော့ ကော့ထားရပါမယ်။ အဲ့အတိုင်း စက္ကန့် ၃၀ ကနေ စက္ကန့် ၆၀ အထိ နေပေးရပါမယ်။ အချိန်ပြည့်ရင် နောက်ထပ် ၂ ကြော့ ထပ်လုပ်ပေးပါ။

Downward Facing Dog

အဆီကျ၊ ဝိတ်ကျစေဖို့ ကူညီပေးပြီး self-confidence ပိုတိုးလာစေမယ့် ယောဂကျင့်စဉ်ဖြစ်ပါတယ်။

လုပ်ရမယ့်ပုံစံကတော့ လွယ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း ခြေဖဝါးနဲ့၊ လက်ဖဝါးက ကြမ်းကိုထိထားပြီး ကုန်းနေရပါမယ်။ ခြေထောက်၊ လက်၊ ခါး အားလုံးကို ဆန့်ထားရပါမယ်။ အဲ့အတိုင်း တစ်မိနစ်လောက်နေပေးပြီး ခဏရပ်ပါ။ ပြီးရင်တော့ နောက်ထပ် ၂ ကြော့ ထပ်လုပ်ပေးပါ။