အားလုံးပဲမင်္ဂလာပါနော်။ Crop-Top အပွလေးတွေက ဝတ်ရတာ သက်သောင့်သက်သာရှိပါတယ်။ ဂျင်းဘောင်းဘီအကြပ်နဲ့ဖြစ်ဖြစ် ခါးမြင့်ဘောင်းဘီတစ်မျိုးမျိုးနဲ့ဖြစ်ဖြစ် တွဲဝတ်လို့အဆင်ပြေပါတယ်။
မိန်းကလေးတိုင်းနဲ့လည်းလိုက်ဖက်ပြီး အဝတ်အစား ဖက်ရှင်တွေ အများကြီးစဉ်းစားနေစရာမလိုဘဲ ရိုးရှင်းပြီး စတိုင်လ်ကျတဲ့ ဖက်ရှင်လေးဆိုလည်းမမှားပါဘူး။
ဒီလို Crop-Top ဖက်ရှင်လေးတွေကိုမှ နှစ်သက်တဲ့ ပျိုမေတို့အတွက် စတိုင်လ်ကျကျလေးဝတ်လို့ရမယ့် Crop-Top အပွ ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
စတိုင်လ်မိမိမိုက်မိုက်လေးဆိုတော့ စာဖတ်သူတို့လည်း သဘောကျကြမယ်လို့ယုံကြည်ပါတယ်နော်။ ဘယ်လိုစတိုင်လ်လေးတွေဖြစ်မလဲဆိုတာ အတူတူကြည့်လိုက်ရအောင်။
Photo Source: Pinterest