ပန်းရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် အရမ်းလှပြီး ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။

ပန်းရောင်နဲ့မိုးပြာရောင်ကိုတွဲရင် အရမ်းလှပါတယ်။ ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ပန်းရောင်နဲ့မိုးပြာရောင်ကို စပ်ဆိုးထားပြီး အသည်းပုံသေးသေးလေးကိုမှ ပန်းရောင်နဲ့ အနီပြန်သုံးထားတာမို့ အရမ်းချစ်ဖို့ကောင်းပြီး လူငယ်ဆန်ပါတယ်။

လက်သည်းအချွန်ထားတဲ့သူတွေဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ပန်းရောင်လေးဖြစ်နေလို့ ပိုပြီးလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လက်သည်းထိပ်မှာပဲဆိုးပြီး ပုံဖော်ထားတာလေးက အရမ်းချစ်စရာကောင်းပါတယ်။ လက်သည်းအချွန်ထားတဲ့သူတွေနဲ့ဆို ပိုလိုက်ပါတယ်။

ကိုရီးယားလက်သည်းဒီဇိုင်းကြိုက်ရင်တော့ ပန်းရောင်လေးနဲ့ ဒီလက်သည်းဒီဇိုင်းမျိုးကို ပုံဖော်ကြည့်ပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကတော့ အရမ်းလှတာကြောင့် ပန်းရောင်ကြိုက်တဲ့ ကောင်မလေးတိုင်း ကြိုက်မယ်လို့ ထင်ပါတယ်။

ပန်းရောင်ကိုမှ baby pink လေးကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ပန်းရောင်နုနုလေးမှာမှ ရွှေရောင်ကိုသုံးတာဖြစ်လို့ အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လက်သည်းအချွန်ထားတဲ့သူ၊ လေးထောင့်ထားတဲ့သူ အားလုံးနဲ့ လိုက်ဖက်ပါတယ်။ ဒီဇိုင်းကလည်း ရိုးရိုးလေးနဲ့လှတဲ့ပုံစံလေးပါ။

လက်သည်းကို ကျောက်ကပ်ရတာမျိုးကြိုက်တယ်ဆိုရင်တော့ ပန်းရောင်လေးဆိုပြီး ဒီလက်သည်းဒီဇိုင်းလေး ပုံဖော်ကြည့်ပါ။ အရမ်းလှပါတယ်။ ဒါပေမယ့် လက်သည်းအချွန်လေးတွေနဲ့မှ ပိုပြီးလိုက်ဖက်ပါတယ်။

photo source:www.pinterest.com