တချို့မိန်းကလေးတွေ အသားကြည်ကြည် တင်းတင်းရင်းရင်းလေးနဲ့ လှနေတာကို သင်မြင်ဖူးမှာပါ။ အသားအရေ တင်းရင်းတဲ့အခါ မိတ်ကပ်လိမ်းရတာ အဆင်ပြေသလို၊ မျက်နှာပြောင်အတိုင်းပဲ ဆိုလည်း လှနေတတ်ပါတယ်။ အခုဖော်ပြထားတဲ့ သဘာဝပစ္စည်းတွေကတော့ သင့်အတွက် အလွယ်တကူ ရနိုင်သလို လုပ်ရလည်း လွယ်ကူမှာပါ။

၁။ အုန်းဆီ

Photo Source: PureWow

အုန်းဆီက အသားအရေကို တင်းရင်းစိုပြေစေတဲ့ သဘာဝပစ္စည်း တစ်မျိုးဖြစ်ပါတယ်။ ညဘက်အိပ်ခါနီးတိုင်း အုန်းဆီကို မျက်နှာပေါ် လိမ်းပြီး ၅ မိနစ်ခန့် နှိပ်နယ်ပေးတာကြောင့် လိုအပ်တဲ့ အာဟာရတွေကို မျက်နှာအသားအရေထဲ စိမ့်ဝင်စေပါတယ်။

၂။ ကြက်ဥအကာနဲ့ ပျားရည်

ကြက်ဥက အသားအရေကို တင်းရင်းစေတဲ့ နေရာမှာ ဆရာတစ်ဆူဖြစ်ပါတယ်။ ကြက်ဥအကာနဲ့ ပျားရည်နှစ်ဇွန်းကို ရောပေးရပါမယ်။ ပြီးနောက် မျက်နှာနဲ့ လည်ပင်းကို လိမ်းပေးရပါမယ်။ ၁၅ မိနစ်ထားပြီးနောက် မျက်နှာဆေးချပေးရပါမယ်။

၃။ သံလွင်ဆီ

သံလွင်ဆီကလည်း အုန်းဆီလိုပဲ အသုံးဝင်တဲ့ အလှအပ အဆီတစ်မျိုးဖြစ်ပါတယ်။ ညနေ ရေချိုးပြီးနောက် သံလွင်ဆီကို မိနစ်အနည်းငယ်ခန့် မျက်နှာမှာ ပွတ်လိမ်းပေးရပါမယ်။

၄။ ကော်ဖီ Scrub

ကော်ဖီနဲ့ သကြားက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေ တင်းရင်းလှပစေပါတယ်။ ကော်ဖီမှုန့်၊ သကြားနဲ့ အုန်းဆီတွေကို ရောပြီးနောက် မျက်နှာပေါ် ၂ မိနစ်လောက် ပွတ်ပေးရပါမယ်။ ပြီးနောက် ရေဆေးချပေးရပါမယ်။

၅။ ဒိန်ချဉ်

သင့်အိမ်မှာ ဒိန်ချဉ်အလွယ်တကူရှိတယ်ဆိုရင်တော့ သောက်တဲ့အပြင် အသားအရေပေါ်မှာပါ တင်နိုင်ပါတယ်။ ဒိန်ချဉ်နဲ့ သံပယိုရည် နှစ်ဇွန်းကို မျက်နှာပေါ်လိမ်းကာ ၁၀ မိနစ် ထားပေးရပါမယ်။ ထားပြီးနောက် ရေဆေးပေးရပါမယ်။

၆။ သခွားသီး

သခွားသီးကို ကျိတ်ပြီးနောက် မျက်နှာပေါ် လိမ်းပေးရပါမယ်။ လိမ်းပြီးနောက် ၁၅ မိနစ်ထားကာ မျက်နှာသစ်ပေးရပါမယ်။

၇။ ရှားစောင်းလတ်ပတ်

ဒီနည်းလမ်းမှာတော့ ရှားစောင်းလတ်ပတ်အပြင် မယောနိစ် အနှစ်နဲ့ ပျားရည်ကိုပါ ရောပေးရပါမယ်။ ရောပြီးနောက် မျက်နှာပေါ် လိမ်းပြီး ၁၅ မိနစ်ထားပေးရပါမယ်။ ထားပြီးနောက် ထုံးစံအတိုင်း ရေဆေးချပေးရပါမယ်။

Photo Source: Pinterest

By MyStyle Myanmar