တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ကျန်းမာရေးအတွက် underwear က အရေးကြီးပါတယ်။ ဒီလို underwear နဲ့ပတ်သက်ပြီး မိန်းကလေးတွေအနေနဲ့ မှားယွင်းစွာပြုလုပ်မိနေတဲ့ အရာတွေလည်းရှိတာကြောင့် ကိုယ်တိုင်လုပ်မိနေရင်လည်း ဆင်ခြင်လို့ရအောင် ပြောပြပေးလိုက်ပါတယ်။
Lace panties (ဇာအောက်ခံဘောင်းဘီ)
Lace panties လို့ခေါ်တဲ့ ဇာအောက်ခံဘောင်းဘီတွေကိုဝတ်တာက လှပေမယ့် ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ ဇာက ချွေးကို အလွယ်တကူနဲ့မစုပ်ယူနိုင်ပါဘူး။ ဒါ့အပြင် ဇာဖြစ်တဲ့အတွက် ဘတ်တီးရီးယားတွေလည်း အလွယ်တကူဝင်ရောက်နိုင်ပါတယ်။
အခြောက်ခံစက်ထဲထည့်ခြင်း
Underwear တွေကို အဝတ်လျှောက်စက်နဲ့ မလျှော်သင့်ပါဘူး။ လက်နဲ့ ကိုယ်တိုင် သေချာပွတ်တိုက်ပြီး လျှော်ပေးသင့်ပါတယ်။ ဒ့ါအပြင် အရေးကြီးတာကတော့ အခြောက်ခံစက်ထဲထည့်ပြီး အခြောက်ခံတာမျိုး မလုပ်သင့်ပါဘူး။ ဒီတိုင်းရေညှစ်ပြီး နေရောင်ပြလှမ်းပေးသင့်ပါတယ်။ ဒါက ကိုယ့်ရဲ့ မိန်းမဖိုကျန်းမာရေးအတွက်လည်း အရေးကြီးတဲ့အချက်ပါ။
အနံ့ပါတဲ့အဝတ်လျှော်ဆပ်ပြာသုံးခြင်း
Underwear တွေကို လျှော်တဲ့အခါမှာ ဆပ်ပြာနဲ့ သေချာပွတ်တိုက်ပြီးလျှော်ပေးရင် ရပါပြီ။ အနံ့မွှေးအောင်ဆိုပြီး အမွှေးနံ့ပြင်းတဲ့ အဝတ်လျှော်ဆပ်ပြာတွေသုံးတာ၊ အမွှေးဆီတွေထည့်သုံးတာမျိုး မလုပ်သင့်ပါဘူး။ အလက်ဂျစ်ဖြစ်တတ်တဲ့သူတွေဆိုရင် fragrance-free တွေကိုတောင် သုံးပေးရတာပါ။
Shapewear ဝတ်ခြင်း
Shapewear ဝတ်တာက အချိန်ကြာလာရင် ဗိုက်ဆောင့်တာ၊ ဆီးအောင့်တာ၊ ဆီးချုပ်တာတွေ ဖြစ်တတ်ပါတယ်။ အကြာကြီးဝတ်ထားမိရင်တော့ ဒဏ်ဖြစ်ပြီး ဆီးခုံတစ်ဝိုက်က နာကျင်မှုကို ခံစားရမှာပါ။
Underwear ဝတ်အိပ်ခြင်း
Underwear ဝတ်ပြီးအိပ်တာက စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ လွတ်လပ်ပေါ့ပါးမှုမရှိတဲ့အတွက် စိတ်ရှုပ်တာ၊ အသက်ရှူကြပ်တာ၊ မွန်းကြပ်တာမျိုးတွေဖြစ်ပြီး ကောင်းကောင်းအိပ်မပျော်နိုင်ပါဘူး။
သားရေကြိုးအပေါ်ရောက်တဲ့အတွင်းခံ
သားရေကြိုးအပေါ်ရောက်နေတဲ့ အတွင်းခံတွေကိုဝတ်တာက သားရေကြိုးရာဖြစ်ပြီး ယားတာ၊ နာတာ၊ စပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ချက်အောက်ရောက်တဲ့ သားရေကြိုးလည်း အရမ်းမတင်းတဲ့ အတွင်းခံမျိုးကို ရွေးဝတ်သင့်ပါတယ်။
source:www.brightside.me