Shaving လုပ်ပြီးရင် အသားအရေကခြောက်သွေ့ပြီး ကြမ်းတာမျိုး၊ ခြောက်ခြောက်ကြီးဖြစ်နေတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒီလိုမဖြစ်ရအောင်၊ ခြေထောက်အသားအရေ နူးညံ့ချောမွေ့လာအောင် Shaving ကို ဘယ်လိုသေချာလုပ်ရမလဲဆိုတဲ့ နည်းလမ်းကိုပြောပြပေးလိုက်ပါတယ်။
Shaving မလုပ်ခင်ရေချိုးပါ
တော်တော်များများက shaving လုပ်ပြီးမှ ရေချိုးကြပါတယ်။ တကယ်တော့ shaving မလုပ်ခင် ၅ မိနစ်လောက်အလိုမှာ ရေအရင်ချိုး၊ ပြီးမှ shaving လုပ်မယ်ဆိုရင်တော့ ခြေထောက်အသားအရေက ချောမွေ့နူးညံ့သွားတဲ့အတွက် shaving လုပ်ရတာလည်း ပိုလွယ်သွားပါတယ်။
Exfoliate လုပ်ပါ
Exfoliation လုပ်တာက dead skin cells တွေကို ဖယ်ရှားပေးပြီး သွေးလည်ပတ်မှုကောင်းစေပါတယ်။ အရေပြားအပေါ်ယံက dead cells တွေကို ဖယ်ရှားလိုက်တဲ့အတွက် အသားအရေကနူးညံ့ချောမွေ့ပြီး ကြည်လာပါတယ်။ ဒါပေမယ့် exfoliation လုပ်မယ်ဆိုရင် shaving မလုပ်ခင်မှာ လုပ်ပေးပါ။ shaving လုပ်ပြီးရင်တော့ ၃ ရက်လောက်က exfoliation မလုပ်ရပါဘူး။
မနက်စောစော Shaving လုပ်တာကိုရှောင်ပါ
အိပ်နေတဲ့အချိန်မှာ ခြေထောက်သွေးလည်ပတ်မှုက လျော့နည်းနေတဲ့အချိန်ပါ။ အိပ်ယာထခါစမှာလည်း သွေးလည်ပတ်မှုက မကောင်းသေးပါဘူး။ ဒီလိုအချိန်မှာ အိပ်ယာနိုးနိုးချင်း မနက်စောစော shaving ထလုပ်တာဟာ အသားအရေကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။
Gel or Cream သုံးပါ
Shaving လုပ်ဖို့အတွက် razor မသုံးခင်မှာ ခြေထောက်ကို gel or cream တစ်ခုခုအရင်သုံးပေးပါ။ ပြီးမှ razor နဲ့ရိတ်ပါ။ ဒီလိုလုပ်ပေးခြင်းက ခြေထောက်အသားအရေ ပိုပြီးနူးညံ့ချောမွေ့လာစေပါတယ်။ ဘာမှမသုံးပဲ တန်းပြီးရိတ်ရင်တော့ အသားခြောက်ပြီး ကြမ်းလာပါလိမ့်မယ်။
Moisturizer လိမ်းပါ
Shaving လုပ်ပြီးတိုင်းမှာ moisturizer လိမ်းပေးဖို့ မမေ့ပါနဲ့။ shaving လုပ်ပြီးရင် အသားအရေက အရမ်းကို နူးညံ့သွားတဲ့အတွက် chemical ပါတာတွေ colors or fragrances ပါတာတွေကို ရှောင်ပေးပါ။ အကောင်းဆုံးကတော့ aloe vera gel cream နဲ့ shea butter လိမ်းပေးတာက အကောင်းဆုံးပါ။ ဒါတွေက အသားခြောက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး အသားအရေနူးညံ့ချောမွေ့စေပါတယ်။