အသက်အရွယ်အတိုင်းအတာတစ်ခုမရောက်ခင် ကိုယ့်ရဲ့အိုမင်းရင့်ရော်မှုကို ဖြစ်နေပါသလား။ အချိန်မတိုင်ခင်မှာ ကိုယ့်ရဲ့အသားအရေတွေက ထင်သလောက် တင်းတင်းရင်းရင်းမဖြစ်တော့ဘူးဆိုရင်တော့ ကိုယ့်ခန္ဓာကိုယ်အတွင်းပိုင်းမှာ ချို့ယွင်းချက်တစ်ခုခုရှိနေပြီဆိုလည်း ပြောလို့ရတယ်နော်။ ခန္ဓာကိုယ်ရဲ့ဓာတ်တွေအားနည်းလာရင်လည်း အသားအရေကို ခြောက်ကပ်စေနိုင်သလို တင်းရင်းမှုလည်းမရှိတော့ပါဘူးနော်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းနောက်တစ်ချက်က ကိုယ့်ရဲ့ အသားအရေကိုမထန်းသိမ်းတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်သလို နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေမှု များတဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်အသက်အရွယ်နဲ့ ကိုယ့်ရဲ့အသားအရေရဲ့ အခြေအနေကပြောင်းလဲနေတယ်ဆိုရင်တော ထိန်းသိမ်းပေးဖို့တော့ လိုအပ်နေပါပြီနော်။

အသားအရေထိန်းသိမ်းမှုနည်းလမ်းတွေထဲကမှ လွယ်ကူပြီးတော့ တကယ်ကိုလည်းကျန်းမာရေးနဲ့ညီညွတ်တဲ့ထိန်းသိမ်းမှုလေး ဖြစ်အောင်အသီးအနှံလေးတွေကို စားပေးစေချင်ပါတယ်။ အသားအရေထိန်းသိမ်းမှုကိုလည်း အသက်အရွယ်အတိုင်းအတာတစ်ခုရောက်မှ ထိန်းသိမ်းတာထက် ငယ်ရွယ်တဲ့အသက်အရွယ်တစ်ခုကနေစတင်ပြီး ထိန်းသိမ်းသင့်ပါတယ်။ အခုမျှဝေပေးချင်တဲ့ အသီးအနှံလေးတွေက အသားအရေတစ်ခုတည်းအတွက်မဟုတ်ပဲ ခန္ဓာကိုယ်အတွင်းကျန်တဲ့အစိတ်အပိုင်းတွေကိုပါအာနိသင်ရစေနိုင်ပါတယ်။

နဂါးမောက်သီး 


နဂါးမောက်သီးက တစ်နေ့တစ်လုံးပုံမှန်စားပေးရင်လည်း ကောင်းသလို၊ အသားအရေအတွက်ပိုမိုထိရောက်ပြီး ကောင်းမွန်ချင်တယ်ဆိုရင်တော့ နဂါးမောက်သီးအခွံကို ကြိတ်လိုက်ပြီးရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ Mask သဘောမျိုးအနေနဲ့ပေါင်းတင်ပေးထားလို့ရပါတယ်။ အချိန်ကိုတော့ ၁၅ မိနစ်ခန့် ထားပေးရပါတယ်။ တစ်ပတ်ကိုအနည်းဆုံးနှစ်ခါလောက်ပြုလုပ်ပေးရင်ရပါပြီ။ အသားအရေတွန့်ခြင်း၊ ကြမ်းခြင်းမှာ ထိရောက်စွာကွာကွယ်ပေးနိုင်ပါတယ်။

အာလူး 

အာလူးကိုတော့ ပါးပါးလေးတွေလှီးပြီး မျက်နှာအနီးတစ်ဝိုက်မှာ ကပ်ပေးလို့ရပါတယ်။ အဆိပ်အတောက်တွေကလည်း ဖယ်ရှားပေးနိုင်တဲ့အပြင် နေလောင်ဓာတ်ကြောင့်ဖြစ်တတ်တဲ့ အမဲစက်တွေကိုပါ ပျောက်ကင်းစေနိုင်ပါတယ်။ အာလူးကိုဒီအတိုင်းမလုပ်ချင်ဘူးဆိုရင်လည်း ပြုတ်ပြီးစားပေးလို့လည်းရပါတယ်။ ခန္ဓာကိုယ်အတွက်လည်း ကိုယ်ခံအားကောင်းစေသလို အသားအရေလည်းတင်းရင်းလာစေနိုင်ပါတယ်။

မုန်လာဥနီ


မုန်လာဥနီကိုစားပေးခြင်းက အသားအရေအတွက်တောင်မဟုတ်ပဲနဲ့ ရင်သားကင်ဆာဖြစ်စေမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အစာခြေမှုလမ်းကြောင်းကိုလည်း ရှင်းလင်းပေးနိုင်တဲ့အတွက် ဝမ်းချုပ်ခြင်းကိုလည်းအထူးကောင်းမွန်စေပါတယ်။ ဝမ်းချုပ်မှုမရှိတဲ့အတွက် အသားအရေတွေကလည်း ခြောက်ခြောက်ကပ်ကပ်ကြီးဖြစ်မနေစေပဲ စိုစိုပြေပြေလေးဖြစ်စေနိုင်ပါတယ်။ အစိမ်းမစားချင်ရင်တောင် ကြိတ်ပြီးတော့ ဖျော်ရည်ဖျော်သောက်တာမျိုး သောက်ကြည့်သင့်ပါတယ်။
Photo Source – Free-pin