မိန်းကလေးတိုင်းအတွက် ရိုးရှင်းပြီးအရမ်းလှတဲ့ လက်စွပ်ဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်လိုချင်တဲ့ဒီဇိုင်းမျိုးမှာပြီး လက်စွပ်လုပ်တဲ့အခါကျရင် ဒီပုံလေးတွေက အရမ်းအသုံးဝင်ပါတယ်။ ဒီဇိုင်းအားလုံးက ရိုးရှင်းပြီးအရမ်းလှတဲ့အပြင် ဘယ်တော့မှလည်း ရိုးသွားမှာမဟုတ်ပါဘူး။
ဒီလက်စွပ်ဒီဇိုင်းလေးဆိုရင် လူကြီး၊ လူငယ် အားလုံးနဲ့ လိုက်ဖက်ပါတယ်။ အဝိုင်းလေးမို့ ရိုးရှင်းပြီး အရမ်းလှပါတယ်။ စိန်နဲ့ပဲလုပ်လုပ်၊ ကျောက်နဲ့ပဲလုပ်လုပ် ထင်းပြီးလှနေမှာပါ။
ဒါကျတော့ ခုနကလိုအဝိုင်းလေးပါပဲ။ ဒါပေမယ့် ဘေးမှာတော့စိန်တန်း၊ ကျောက်တန်းလေး မပါပါဘူး။ အရမ်းရိုးရှင်းတာကြိုက်ရင်တော့ ဒီလက်စွပ်ဒီဇိုင်းလေးက အရမ်းလှပါတယ်။ ဘယ်တော့မှလည်းရိုးမသွားပါဘူး။
လက်စွပ်ကိုသေးသေးလေးပဲ လုပ်ချင်တဲ့သူတွေအတွက်တော့ ဒီလက်စွပ်ဒီဇိုင်းလေးက အရမ်းလှပါတယ်။ ရိုးရှင်းပြီးလှတာကြောင့် ဘယ်တော့မှရိုးသွားမှာ မဟုတ်ပါဘူး။
ဒီလက်စွပ်ဒီဇိုင်းကတော့ အမြဲမြင်နေကျပုံစံလေးပါ။ ဒါပေမယ့် ဘယ်တော့မှရိုးမသွားပါဘူး။ စိန်ပဲဖြစ်ဖြစ်၊ ကျောက်ပဲဖြစ်ဖြစ် ဒီပုံစံဒီဇိုင်းလေးက အရမ်းလှပါတယ်။
လက်စွပ်သေးသေးလေးတွေ ကြိုက်သူများအတွက်တော့ ဒီလက်စွပ်ဒီဇိုင်းလေးကလည်း ရိုးရှင်းပြီးအရမ်းလှပါတယ်။ သူကျတော့ ရိုးရိုးလေးနဲ့ ဒီဇိုင်းလည်းဆန်းပါတယ်။
ဒီလက်စွပ်ဒီဇိုင်းလေးကျတော့ စိန်ကိုလုပ်ရင် ပိုလှပါတယ်။ နှစ်ကွင်းစပ်လေးဖြစ်တာကြောင့် အရမ်းလှပါတယ်။ ဒီဇိုင်းလည်းဆန်းပေမယ့် ရှုပ်နေတာမျိုးမဟုတ်ပဲ ရိုးရှင်းပြီးလှတာမျိုးပါ။ လူငယ်ကောင်မလေးတွေ ပိုပြီးသဘောကျမှာပါ။
ပတ္တမြားကြိုက်ရင် လက်စွပ်ကိုဒီလိုပန်းပွင့်ပုံလေး လုပ်ကြည့်ပါ။ ရိုးရှင်းပြီးတော့ အရမ်းလှပါတယ်။ လူကြီးလည်းမဆန်ပါဘူး။
ကျောက်စိမ်းကြိုက်ရင်တော့ ဒီလက်စွပ်ဒီဇိုင်းလေးက ရိုးရိုးလေးနဲ့ ပုံစံဆန်းပြီး အရမ်းလှပါတယ်။
ဒါလေးကျတော့ ဘဲဥပုံစံလေးမို့ တစ်မျိုးဆန်းပါတယ်။ ဒီဇိုင်းကလည်း ရှင်းရှင်းလေးနဲ့ အရမ်းလှတာကြောင့် မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပါတယ်။
ဒီလက်စွပ်ဒီဇိုင်းလေးကျတော့ ပုံစံဆန်းပြီး အရမ်းလှပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ဆို ပိုလိုက်ဖက်မှာပါ။
photo source:www.pinterest.com