ကိုယ်အမြဲသုံးနေတဲ့ဖုန်းကို သန့်ရှင်းရေးမလုပ်ပဲထားရင် နားထဲကို ဘတ်တီးရီးယားနဲ့ပိုးမွှားတွေ အလွယ်တကူဝင်နိုင်ပါတယ်။ ဒါ့အပြင် ဖုန်းပြောတဲ့အခါ ပါးကိုလည်းထိနေတဲ့အတွက် ဖုန်းမသန့်ရှင်းရင် ဝက်ခြံပေါက်တာ၊ အဆီဖုထတာ၊ အနီအစက်တွေထတာမျိုး ဖြစ်တတ်ပါတယ်။ အရမ်း sensitive ဖြစ်တဲ့ အသားအရေဆိုရင် ယားယံတာမျိုးတွေပါ ဖြစ်စေပါတယ်။ ဒါကြောင့် ဖုန်းကို တစ်ပတ်တစ်ခါတော့ ပုံမှန်သန့်ရှင်းရေးလုပ် သန့်စင်ပေးဖို့ လိုပါတယ်။ စနစ်တကျနဲ့ ဘယ်လိုသန့်စင်ပေးရမလဲဆိုတဲ့ နည်းလမ်းကိုပါ ပြောပြပေးလိုက်ပါတယ်။
ဖုန်းကို သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင် ကာဗာဖြုတ်ပြီး ကာဗာကိုပါ သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။
ဖုန်း screen ကို မှန်သုတ်တဲ့အဝတ်နဲ့ ဖြေးဖြေးချင်းစီပွတ်ပြီး တိုက်ပေးပါ။ ဒီလိုအရင်တိုက်မှ ဖုန်းမှာကပ်နေတဲ့ ဖုန်နဲ့အညစ်အကြေးတွေကို ဖယ်ရှားနိုင်မှာပါ။
disinfecting wipe နဲ့ ထပ်သုတ်ပေးပါ။ disinfecting wipe မရှိရင် အရက်ပြန်ဖြန်းပြီးတော့ သုတ်ပေးလို့လည်းရပါတယ်။ ဖုန်း screen နဲ့ အနောက်ဘက်တွေကိုပါ သုတ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက ဖုန်းမှာကပ်ကျန်နေသေးတဲ့ အညစ်အကြေးတွေနဲ့ ဘတ်တီးရီးယားတွေကို သန့်စင်သွားစေပါတယ်။
ဖုန်းကိုသန့်စင်ပြီးရင် ခြောက်သွားအောင် အဝတ်နဲ့တန်းသုတ်တာမျိုး မလုပ်ရပါဘူး။ ဒီတိုင်းပဲ လေနဲ့ခြောက်သွားအောင် ၅ မိနစ်လောက် ထားထားလိုက်ပါ။ သူ့အလိုလို ခြောက်သွားပါလိမ့်မယ်။
အခြောက်ခံပြီးသွားမှသာ paper towel နဲ့ ဖြေးဖြေးချင်းစီသုတ်ပေးပါ။ ကြမ်းကြမ်းတမ်းတမ်းဖိသုတ်ရင် ဖုန်း screen ကို ထိခိုက်စေပါတယ်။ ဒါဆိုရင်တော့ ဖုန်းကို စနစ်တကျနဲ့ သေချာသန့်စင်ပြီးသွားပြီပဲ ဖြစ်ပါတယ်။
ကိုယ်အမြဲသုံးနေတဲ့ဖုန်းကို တစ်ပတ်တစ်ခါတော့ ပုံမှန်လုပ်ပေးသင့်ပါတယ်။ ဖုန်းကာဗာကိုလည်း ဒီနည်းအတိုင်းပဲ သန့်စင်ပေးလို့ရပါတယ်။