မင်းသမီး Lee Si Young ကတော့ ၃ နှစ်သားလေးနဲ့အတူ တောင်တက်ပြီး သူမရဲ့ လုပ်နိုင်စွမ်းအားကို ပြသနိုင်ခဲ့ပါတယ်။

Lee Si Young ကိုတော့ Tik Tok Video အများစုမှာ တွေ့ဖူးကြမှာပါ။ သူမရဲ့ Tik Tok Video တွေက ရယ်ရပြီး ချစ်စရာကောင်းပါတယ်။ သြဂုတ်လ ၂၉ ရက်နေ့မှာတော့ သူမက Cheonggye တောင်ပေါ် တက်ခဲ့တဲ့ အမှတ်တရဓာတ်ပုံတွေကို Social Media ပေါ် တင်ခဲ့ပါတယ်။

သူမရဲ့ Post မှာတော့ ” ကျွန်မ ဒီစိန်ခေါ်မှုကို လုပ်ချင်နေခဲ့တာ ကြာပြီ… သားလေး Jung Yoon ရဲ့ ကိုယ်အလေးချိန်ကြောင့် မလုပ်နိုင်တော့ဘူးထင်ထားခဲ့ပေမယ့် နောက်ဆုံးတော့ လုပ်နိုင်သွားပြီ။ တောင်တက်တာက မလွယ်ပါဘူး။ ဒါပေမဲ့ သားလေးက ဒါကို သဘောကျတာကြောင့် တခြားတောင်တက်ခရီးတွေကိုလည်းသွားချင်ပါသေးတယ်”

ဒါ့အပြင် သူမက “အစကတော့ Bukhan တောင်ကို တက်ချင်ခဲ့တာ.. ဒီတောင်က ကျွန်မရဲ့ သွားရမယ့် ခရီး List ထဲ ပါပြီးသား.. ဒါပေမဲ့ လုပ်နိုင်ပါ့မလား စိုးရိမ်မိတယ်။ တခြားသူတွေကော လုပ်နိုင်ခဲ့လား.. အတွေ့အကြုံလေးတွေ ပြောပြကြပါဦး” ဆိုပြီး ဆိုထားပါတယ်။

သူမရဲ့ Post ကို အဆုံးသတ်ထားပုံကတော့ “ကျွန်မရဲ့ ထမ်းစင်က ၂၀ ကီလိုထိ ခံနိုင်တယ်။ သားလေးက ၁၅ ကီလိုရှိတယ်။ ထမ်းစင်က ၃ ကီလိုဆိုတော့ စုစုပေါင်း ၁၈ ကီလိုလောက်ကို ကျွန်မထမ်းခဲ့ရတာ။ ထမ်းစင်ထဲတော့ တခြားဘာမှ မထည့်ဖြစ်ဘူး။ Cheonggye တောင်တော့ တက်နိုင်သွားပြီ ဆိုပေမဲ့ Bukhan တောင်ကတော့ 2Km လောက် ပိုရှည်တာဆိုတော့ ဘယ်လိုလဲမသိဘူး” ဆိုပြီး ပြောထားပါတယ်။

သင့်အနေနဲ့ကော မင်းသမီး Lee Si Young လို သားတွေ သမီးတွေ ရတဲ့အချိန် အတူတူ စွန့်စွန့်စားစား ခရီးတွေ ထွက်ဖို့ စဉ်းစားထားလား ပြောပြခဲ့ပါဦး။

Source: Allkpop